ရွှေတောင် ၊ မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်အတွင်း ယမန်နေ့ ညနေ ၄း၁၅နာရီ အချိန်ခန့် က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင် ကိုင်းဖျားကျိုးကျမှုနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် လူနေအိမ်(၄၁) လုံး ပြိုကျခဲ့ပြီး လူနေအိမ်(၂၁၀) လုံး ဘုန်းကြီးကျောင်း ( ၅) ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် မင်းကွန်းကျေးရွာအုပ်စု၊ မင်းကွန်းကျေးရွာရှိ ကုက္ကိုလ်ပင် ကိုင်းဖျားကျိုးကျမှုကြောင့် ခေတ္တ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ အဆိုပါ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့်အဖွဲ့ဝင်များက ဝိုင်းဝန်းရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ကြာနီကန်ရပ်ကွက်ရှိ လူနေအိမ် ( ၇)လုံးအမိုးလန်၊ ယွန်းတန်းရပ်ကွက်ရှိ နေအိမ် ( ၁)လုံးအမိုးလန်၊ ကျီးသဲအုပ်စုရှိ ကျေးရွာ( ၆)ရွာတွင်လူနေအိမ် ( ၁၄)လုံး ၊ ဘုန်းကြီးကျောင်း ( ၁) ကျောင်း အမိုးလန်၊ နွားခြံကုန်းအုပ်စုရှိကျေးရွာ( ၂)ရွာတွင်နေအိမ် ( ၁)လုံးအမိုးလန်၊လူနေအိမ် ( ၁)လုံး ပြိုကျပျက်စီး၊ ကျောင်းကုန်းအုပ်စုရှိကျေးရွာ( ၈)ရွာတွင်လူနေအိမ် ( ၇)လုံး အမိုးလန်၊လူနေအိမ် ( ၁)လုံး ပြိုကျပျက်စီး၊ ကသစ်တိုင်းအုပ်စုရှိကျေးရွာ( ၆)ရွာတွင်လူနေအိမ် ( ၃၁)လုံး၊ ဘုန်းကြီးကျောင်း ( ၃) ကျောင်း အမိုးလန်၊လူနေအိမ် ( ၈)လုံး ပြိုကျပျက်စီး၊ ဒုရင်ဒုဘိုအုပ်စုရှိကျေးရွာ( ၂)ရွာတွင်လူနေအိမ် ( ၉)လုံး အမိုးလန်၊လူနေအိမ် ( ၁)လုံး ပြိုကျပျက်စီး၊ မင်းကွန်းအုပ်စုရှိကျေးရွာ( ၂)ရွာတွင်လူနေအိမ် ( ၃)လုံး အမိုးလန်၊ မဲတောအုပ်စုရှိကျေးရွာ( ၁)ရွာတွင်လူနေအိမ် ( ၁)လုံး အမိုးလန်၊လူနေအိမ် ( ၁)လုံး ပြိုကျပျက်စီး၊ သရက်သုံးပင်တောအုပ်စုရှိကျေးရွာ(၂)ရွာတွင်လူနေအိမ် ( ၆)လုံး အမိုးလန်၊လူနေအိမ် ( ၁)လုံး ပြိုကျပျက်စီး၊ဝါးတောအုပ်စုရှိကျေးရွာ(၇)ရွာတွင်လူနေအိမ် ( ၂၇)လုံး အမိုးလန်၊လူနေအိမ် ( ၂)လုံး ပြိုကျပျက်စီး၊ကျွန်းကလေးအုပ်စုရှိကျေးရွာ(၂)ရွာတွင်လူနေအိမ် ( ၁၁)လုံး အမိုးလန်၊လူနေအိမ် ( ၅)လုံး ပြိုကျပျက်စီး၊မယားမာန်အုပ်စုရှိကျေးရွာ(၂)ရွာတွင်လူနေအိမ် ( ၂)လုံး အမိုးလန်၊ ကျောက်မြင့် အုပ်စုရှိကျေးရွာ(၆)ရွာတွင်လူနေအိမ် ( ၁၃)လုံး အမိုးလန်၊ကံသုံးဆင့်အုပ်စုရှိကျေးရွာ(၃)ရွာတွင်လူနေအိမ် ( ၃)လုံးအမိုးလန်၊ ကျောက်ထရံအုပ်စုရှိကျေးရွာ(၁)ရွာတွင်လူနေအိမ် ( ၁)လုံး အမိုးလန်၊လူနေအိမ် ( ၁)လုံး ပြိုကျပျက်စီး၊ အိုးထိမ်းကုန်အုပ်စုရှိကျေးရွာ(၃)ရွာတွင်လူနေအိမ် ( ၅)လုံး အမိုးလန်၊လူနေအိမ် ( ၁)လုံး ပြိုကျပျက်စီး၊ တည်ကုန်းကြီးအုပ်စုရှိကျေးရွာ(၁)ရွာတွင်လူနေအိမ် ( ၉)လုံး အမိုးလန်၊ ကြို့ကုန်းအုပ်စုရှိကျေးရွာ(၁)ရွာတွင်လူနေအိမ် ( ၃)လုံး အမိုးလန်၊ မီးလောင်အုပ်စုရှိကျေးရွာ(၅)ရွာတွင်လူနေအိမ် ( ၅)လုံး ဘုန်းကြီးကျောင်း ( ၁) ကျောင်းအမိုးလန်၊လူနေအိမ် ( ၂၃)လုံး ပြိုကျပျက်စီး၊ ရှားပင်ဇင်းအုပ်စုရှိကျေးရွာ(၂)ရွာတွင်လူနေအိမ် ( ၄)လုံး အမိုးလန်၊နေအိမ် ( ၁)လုံး ပြိုကျပျက်စီး၊ ဇီးကျွန်းအုပ်စုရှိကျေးရွာ(၆)ရွာတွင်လူနေအိမ် ( ၁၅)လုံး အမိုးလန်၊နေအိမ် ( ၃)လုံး ပြိုကျပျက်စီး၊ ညောင်စာရေး အုပ်စုရှိကျေးရွာ(၁)ရွာတွင်လူနေအိမ် ( ၆)လုံး အမိုးလန်၊ရှားတိုင်းအုပ်စုရှိကျေးရွာ(၃)ရွာတွင်လူနေအိမ် ( ၃)လုံး အမိုးလန်၊ ဆည်ကြီးကုန်းအုပ်စုရှိကျေးရွာ(၂)ရွာတွင်လူနေအိမ် ( ၂)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်၍ ပြိုကျ/အမိုးလန်ခဲ့သည့် လူနေအိမ်များရှိ အိမ်ထောင်စုများအား ယာယီနေထိုင်နိုင်ရေး၊ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရရှိမှုမရှိကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment