ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ



ဇလွန်  ၊  မေ  ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာကို ယနေ့နံနက် ၈ နာရီတွင် မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အ.ထ.က မေရီလန်း၊ အ.ထ.က ပျဥ်းမကုန်းတို့တွင် စိုက်ထူခဲ့ကြသည်။

“ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ မြို့နယ်ပညာရေးမှူး ဦးဖုန်းဇော်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာတို့ဖြင့် ပက်ဖြန်းခဲ့ပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။ ဇလွန်မြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလအဖြစ် မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့ အထိဖြစ်ပြီး ကျောင်းအသီးသီး၌လည်း မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာများ စိုက်ထူကြမည်ဖြစ်ကြောင်း သိရသည်။


ဝေယံ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)