![]() |
ရေဖြူ ၊ မေ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ပိုးလောက်လမ်း စစ်ဆေးခြင်းနှင့် ခြင်ခိုအောင်းနိုင်သည့်နေရာများအား အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ရေဖြူမြို့ (ခ) ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင်မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ပြည်သူများ၏ နေအိမ်ရှိ ပိုးလောက်လမ်းများ ပေါက်ဖွားနိုင်သည့် ရေတိုင်ကီ၊ ရေအိုးများ၊ ရေကန်များ၊ ကားတာယာနှင့် ဘုရားပန်းအိုးများနှင့် စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်စနစ်ဖြင့် ကျင့်သုံးခြင်း ရှိ၊ မရှိနှင့် ကျင့်သုံးကြရန်နှင့် ရေတွင်းများအား အဘိတ်ဆေးခတ်ခြင်း၊ အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခတ္တာ(ရေဖြူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment