ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစိုးရနည်းပညာကောလိပ်(မန္တလေး)နှင့် နည်းပညာတက္ကသိုလ်(မန္တလေး) ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အစိုးရနည်းပညာကောလိပ်(မန္တလေး)နှင့် နည်းပညာတက္ကသိုလ်(မန္တလေး) ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မေ ၈ ရက်က အစိုးရ နည်းပညာကောလိပ်(မန္တလေး)သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာဌာနများရှိ လက် တွေ့ခန်းများ၌ ကျောင်းသားများ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသားဘဝတွင် လေ့ကျင့်ရရှိသော နည်းပညာကျွမ်းကျင်မှုများကို လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြရန် လိုအပ်သကဲ့သို့ ယခုလို အလေ့အကျင့် ကောင်းများကိုလည်း လုပ်ငန်းခွင်၌ ဆက်လက်ထိန်းသိမ်းပြီး ဒေသတွင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုများအဖြစ် အတူတကွညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသတွင်းရှိ လူငယ်များနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် လက်တွေ့ကျကျအကျိုးပြုမည့် ပုံမှန်နှင့် ကာလတိုသင်တန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရန်၊ ဒေသတွင်း MSME များ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာများကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းမြှင့်တင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ တိုင်းကျိုးပြည်ပြု မျိုးဆက်သစ်လူငယ် အင်ဂျင်နီယာကောင်းများကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးသွားရန်၊ ထိုသို့ဆောင်ရွက်ရာတွင် နည်းပညာအရည်အသွေး ပြည့်မီရေးအပြင် ဗလငါးတန်နှင့် ပြည့်စုံသော လူ့စွမ်းအားအရင်းအမြစ် ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ပြည်သူများကို အမှန်တကယ် အလုပ်အကျွေးပြုနိုင်သော စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး ကျင့်ကြံဆောင်ရွက်သွားရန်၊ Ranking မြင့် သုတေသန အခြေပြုတက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင် ရွက်သွားရန်မှာကြား၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် တက္ကသိုလ်ဥပဓိရုပ် တင့်တယ်စေရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)