တောင်ကုတ်မြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

 





တောင်ကုတ်  ၊  မေ  ၂၃

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ကိုင်းရှည်စေတျာရာမကျောင်းတိုက်အတွင်းရှိ မဟာဗောဓိညောင်ပင်၌ အပျိုလူပျိုများမှ စုပေါင်း၍ ယမန်နေ့ ညနေပိုင်းက ရိုးရာမပျက်သွန်းလောင်းပူဇော်ခဲ့ကြကြောင်းသိသည်။

အခမ်းအနားတွင် ကိုင်းရှည်စေတျာရာကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သူရိယဓဇ ထံမှ ငါးပါးသီလခံယူတည်ဆောက်ပြီးနောက် ကဆုန်လပြည့် နေ့ ဗုဒ္ဓနေ့ အနုမောဒနာတရားတော်များနာယူကြီးပြီးနောက် မဟာဗောဓိပင်ကို အမွှေးနံ့သာရည်များဖြင့် သွန်းလောင်းပူဇော်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)