ရန်ုကုန်၊ မေ ၉
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဦးဆောင်၍ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ကုတင်-၅၀၀) တွင် သွေးအိတ် (၄၈)အိတ် ယနေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးဉာဏဓမ္မ က "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွက် အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကာ ပြည်တွင်းသစ္စာဖောက် ပြည်ဖျက်မိစ္ဆာများ၏ ရန်စွယ်အသွယ်သွယ်ကို တွန်းလှန်တိုက်ဖျက်နေသော တပ်မတော်သားအရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များ အတွက် ယနေ့ ၉.၅.၂၀၂၄ ကြာသပတေးနေ့ နံနက် ၉ နာရီအချိန်တွင် A သွေး၊ B သွေး၊ O သွေး၊ AB သွေး စုစုပေါင်း သွေးအိတ် (၄၈)အိတ်ကို တပ်မတော် အရိုးရောဂါထူးကုဆေးရုံကြီး ကုတင်(၅၀၀) မဂ်လာဒုံတွင် ထပ်မံ၍ သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ တပ်မတော် အရိုးအထူးကုဆေးရုံကြီး ကုတင်(၅၀၀)မှ တာဝန်ကျဆေးရုံအုပ်နှင့် တပ်မှူး ဝန်ထမ်းအားလုံး၏ နွေးထွေးစွာ ကြိုဆိုဧည့်ခံပေးမူကြောင့်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။" ဟု မိန့်ကြားသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဦးဆောင်၍ အမျိုးသားရေးအသင်းအဖွဲ့ဝင်များ အနေဖြင့် တပ်မတော်ဆေးရုံတွင် သွေးလှူဒါန်းပွဲများ အခါအားလျော်စွာ သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost









No comments:
Post a Comment