မစောတံတား မြေသားလမ်းလွှဲဖြတ်သန်းရန် ခက်ခဲနေသောကြောင့် ကားလမ်းပိတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မစောတံတား မြေသားလမ်းလွှဲဖြတ်သန်းရန် ခက်ခဲနေသောကြောင့် ကားလမ်းပိတ်




‌ဘီးလင်း၊ မေ ၂၈

မိုးရွာသွန်းမှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မြေသားလမ်းလွှဲ ဖြတ်သန်းရန် ခက်ခဲနေပြီး ယာဉ်ကြီး၊ ယာဉ်ငယ်များ ရပ်နားထားရကာ လမ်းပိတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန့်ခန့်က မြေသားလမ်းလွှဲတွင် ဖြတ်သန်းရန် ခက်ခဲနေသောကြောင့် ခဏရပ်နားထားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကားတွေကို ပေးမဖြတ်ဘူး။ ပြန်လှည့်ခိုင်းနေတယ်။ ဒါပေမယ့် စောင့်နေကြတုန်းပဲ။ ပေးဖြတ်မယ့်အချိန် ဖြတ်ကြမှာပေါ့"ဟု ၎င်းက ပြောသည်။

သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ နောင်ဘိုကျေးရွာအကောင်းကြိုက်ကဖီးအနီး ရန်ကုန်-မော်လမြိုင်သွားကားလမ်းမပေါ်တွင်လည်း ယာဉ်ကြီးများရပ်တန့်နေလျက်ရှိကြောင်း၊ မော်လမြိုင်-ရန်ကုန်သို့ သွားလာကြမည့် ခရီးသွားများအနေဖြင့် စုံစမ်းမေးမြန်းပြီးမှ သွားလာကြရန် အသိပေးထားသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတားကို KNLA/PDF အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့ခြင်းကြောင့် ခရီးသွားပြည်သူများ အခက်ကြုံနေရခြင်း ဖြစ်သည်။


Crd - Yarmanya Times

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)