လေ့လာရေးခရီးစဥ်ပြီးမြောက်၍ ပဲခူး (အရှေ့) လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ ပြည်မြို့မှ ပဲခူးမြို့သို့ ပြန်လည်ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေ့လာရေးခရီးစဥ်ပြီးမြောက်၍ ပဲခူး (အရှေ့) လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ ပြည်မြို့မှ ပဲခူးမြို့သို့ ပြန်လည်ထွက်ခွာ





ပြည် ၊  မေ  ၂၇


ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့၏အစီအစဥ်ဖြင့် မေ ၂၅ ရက်မှ ၂၇ ရက်ထိ ပဲခူး(အနောက်)ပြည်ခရိုင်အတွင်း လေ့လာရေးခရီးစဥ်ရောက်ရှိနေသော ပဲခူး(အရှေ့)မှ လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေ့လာရေးခရီးစဥ် ပြီးမြောက်၍ ပြည်မြို့မှ ပဲခူးမြို့သို့ ပြန်လည်ထွက်ခွာကြောင်း သိရသည်။

အဆိုပါ ပဲခူးတိုင်းအရှေ့ခြမ်း လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် မေလ (၂၅) ရက်နေ့ ညနေပိုင်းတွင် ပြည်ခရိုင်၊ ရွှေတောင်မြို့သို့ရောက်ရှိကာ တာဝန်ရှိသူများက ခရီးဦးကြိုဆိုကြပြီး ရွှေတောင်မြို့ သမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီးနှင့် ရွှေမျက်မှန်ရုပ်ပွားတော်မြတ်ကြီးတို့ကို သွားရောက်ဖူးမြှော်ကြည်ညို၍ သမိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို လေ့လာခဲ့ကြကာ ဂေါပကအဖွဲ့များက ဘုရားသမိုင်းဖြစ်စဥ်များအား  ရှင်းလင်းပြပေးသည်။

ဆက်လက်၍ လေ့လာရေးအဖွဲ့သည် ပြည်မြို့လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဂေါပကအဖွဲ့က ဘုရားနောက်ခံသမိုင်းကြောင်း၊ ဗုဒ္ဓမြတ်စွယ်တော်သမိုင်းနှင့် စေတီတော်ရင်ပြင်ရှိ ဗုဒ္ဓပြတိုက်မှ  ဆင်းတုတော်များ၊ ရှေးဟောင်းပစ္စည်းများနှင့် Digital Museum တို့အား လိုက်လံရှင်းလင်းပြသပေးသည်။ ထို့နောက် လေ့လာရေးအဖွဲ့ ညအိပ်တည်းခိုရပ်နားမည့် ပြည်တက္ကသိုလ်၌ တာဝန်ရှိသူများအဖွဲ့က ဂုဏ်ပြုပန်းကုံးများဖြင့် ခရီးဦးကြိုဆိုဂုဏ်ပြုကြသည်။

အဆိုပါ လေ့လာရေးအဖွဲ့သည် မေ (၂၆) ရက်နံနက်ပိုင်းတွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ သမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုလေ့လာခဲ့ကြသည်။ ဆက်လက်ပြီး ပြည်တက္ကသိုလ် ဓာတုဗေဒဌာန၊ ရူပဗေဒဌာန၊ သမိုင်းဌာနနှင့် တက္ကသိုလ်စာကြည့်တိုက်တို့အား  သွားရောက်လေ့လာခဲ့ကြကာ ပြည်တက္ကသိုလ် သင်္ချာဌာန၌ တက္ကသိုလ်တာဝန်ရှိသူများက လေ့လာရေးအဖွဲ့အား အုပ်စုနှစ်ခုခွဲ၍ သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပပေးကာ ဆုရအဖွဲ့အား ပြည်တက္ကသိုလ်မှ အမှတ်တရ ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် သရေခေတ္တရာ ပျူမြို့ဟောင်းရှိ နဂါးတွန့်တံခါး၊ သီရိခေတ္တရာယဥ်ကျေးမှုပြတိုက်၊ ကုန်းအမှတ်(၅၃)၊ ဘောဘောကြီးဘုရား၊ ရဟန္တာကန်၊ အတွင်းနန်းတော်ရာနှင့် ဘုရားကြီးဘုရားတို့အား သွားရောက်လေ့လာ ဖူးမြော်ကြည်ညိုကြပြီး ညပိုင်းတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့အား သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ တေးဂီတနှင့် အကအလှဖျော်ဖြေရေးအစီအစဥ်များဖြင့် ဂုဏ်ပြုညစာစားပွဲကျင်းပပေးသည်။

အဆိုပါပဲခူးအရှေ့ခြမ်း လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် ခရီးစဥ်အတွင်း ညအိပ်တည်းခိုရာ ပြည်မြို့ရွှေတစ်ချောင်းလမ်းရှိ ပြည်တက္ကသိုလ်မှ ပဲခူးမြို့သို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လေ့လာရေးအဖွဲ့အား နွေးထွေးပျူငှာစွာ နုတ်ဆက်ကြပြီး ယင်းလေ့လာရေးအဖွဲ့သည် အပြန်ခရီးတွင် ရွှေတောင်မြို့နယ်ရှိ သမိုင်းဝင်စက်စက်ယိုစေတီတော်မြတ်ကြီးအား ဝင်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး ပဲခူးမြို့သို့ဆက်လက်ထွက်ခွာခဲ့ကြောင်းသိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)