ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတက်ရောက်




ဟားခါး   ၊  မေ  ၂၇

၂၀၂၄−၂၀၂၅ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟားခါးမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဟားခါးမြို့ ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ကျောင်းသို့သွားကြစို့” သီချင်းသီဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်ပုဒ်ဟာ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့အတွက် ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်၊ ခဲတံ စသည်များကို ထောက်ပံ့ပေး သကဲ့သို့ မိဘပြည်သူများအား အခက်အခဲဖြစ်စေမည့် ကျောင်းအတွက် ပေးသွင်းရမည့် ငွေကြေးများ ကို ကင်းလွှတ်ခွင့်ရရှိပြီး အခမဲ့ပညာသင်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အခြေခံပညာရေး ကို ပညာရေးမဟာဗျူဟာစီမံကိန်းအရ သင်ရိုးများကို နိုင်ငံတကာသင်ရိုးနှင့်အညီ ပြုစုထားသော စနစ်သစ်ဖြစ်ပါကြောင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ်နှင့်အညီ ချင်းပြည်နယ်မှာ ကျောင်းနေသူ ကျောင်းသားဦးရေ ပိုမိုတိုးတက်လာရေးနှင့် အခြေခံပညာကျောင်း များ ယခင်နှစ်ကထက် ပိုပြီးဖွင့်လှစ်နိုင်ရေးတို့ကို မိဘပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံအာဏာ ပိုင်များက ဝိုင်းဝန်းကြိုးပမ်း ကူညီဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းအပ်ပါကြောင်းဖြင့် အမှာ စကားပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နိုင်ငံတော်က အခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်ကလည်းကောင်း၊ ဗလာစာအုပ်များကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း ပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြကာ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက “ပညာသည်သာ ရတနာ” သီချင်း သီဆိုကြ၍ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ရုပ်သိမ်းကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား တက်ရောက်လာကြသူများအား ရင်းနှီးစွာနှုတ်ဆက်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာများက အတန်းအလိုက် ကျောင်းလက်ခံနေမှု အခြေအနေကို ကြည့်ရှုအားပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံစသည့် ထောက်ပံ့ပစ္စည်းများကို ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)