ရွှေတောင်မြို့နယ်တွင် နွေစပါး (ဗီယက်နမ် ဆဖိုးသာ)စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွကွက်ရိတ်သိမ်းရာတွင် အထွက်နှုန်း အစိုတင်း (၁၇၃ဒဿမ၀၄) တင်း ထွက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နွေစပါး (ဗီယက်နမ် ဆဖိုးသာ)စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စံကွကွက်ရိတ်သိမ်းရာတွင် အထွက်နှုန်း အစိုတင်း (၁၇၃ဒဿမ၀၄) တင်း ထွက်ရှိ





ရွှေတောင် ၊  မေ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊ နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်း (ရွာဟောင်း)

ကွင်းအမှတ် ( ၄၀၈ )၊ ရွာဟောင်းကွင်း ၊ ဦးပိုင်အမှတ် (၄၆/၁)၊ တောင်သူ ဦးကျော်ဌေး၏ နွေစပါးစိုက်လယ်မြေတွင်  နွေစပါး (ဗီယက်နမ် ဆဖိုးသာ) စပါးမျိုး  (၄.၉၄) ဧက၌  ရိတ်သိမ်းခြွေလှေ့စက်ဖြင့်ယမန် နေ့နံနက်ပိုင်းက  နွေစပါး စံကွက်ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

    အဆိုပါနွေစပါးစိုက်ခင်း စပါးခြွေလှေ့စက်ဖြင့် ရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်း ချိန်တွယ် တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာ စံကွက်( ၆၆) ပေပတ်လည် ( ၀.၁၀) ဧကကွက်ရိတ်သိမ်းရာတွင် အထွက်နှုန်း အစိုတင်း (၁၇၃ဒဿမ၀၄) တင်း ထွက်ရှိကြောင်းသိရသည်။ 

နွေစပါးစံကွက်ရိတ်သိမ်းရာသို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊နွားမယံကျေးရွာအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ကသစ်တိုင်းကျေးရွာအုပ်စုများရှိအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ က ကြည့်ရှုအားပေးခဲ့ကြသည်။

     ရွှေတောင်မြို့နယ် အနေဖြင့်ယခုနှစ်နွေစပါးလျာထားဧက ( ၁၉၂၇) တွင် စိုက်ဧက ( ၂၅၇၉) စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ( ၆၅၂) ဧကကျော်လွန် စိုက်ပျိုး နိုင်ခဲ့ရာ ဗီယက်နမ် စပါးမျိုးနှင့် ရတနာတိုးစပါးမျိုးများ စိုက်ပျိုးခဲ့ကြသည်။ မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်းနှင့် စိုက်မျိုးရေးနည်းပညာများ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)