သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထား သည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထား သည့် သတင်းတု၊ သတင်းအမှားများကို လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ မေ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို မေလ ၁၄ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ရသည်ဟု တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် AA အကြမ်းဖက်သောင်းကျန်းသူများ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နောက်တွင်       AA အကြမ်းဖက်သောင်းကျန်းသူများက သံတွဲမြို့နယ်အတွင်း ပြည်သူများ ကြောက်ရွံ့ထိတ်လန့်လာပြီး တည်ငြိမ်အေးချမ်းမှုမရှိစေရန်နှင့် အုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဥစ္စာများကို ထောက်ထားငဲ့ညာမှုမရှိဘဲ ပြည်သူများနေထိုင်ရာ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တပ်မတော်အပေါ်အပြစ်ပုံချကာ ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ် ကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)