ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများ မဟုတ် မမှန်ရေးသားဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများ မဟုတ် မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 ‌


နေပြည်တော်၊ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာကို လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်စီးနင်းပြီး နေအိမ် ၉လုံးကို မီးရှို့ ဖျက်ဆီးကာ နွားများကိုပစ်သတ်ခဲ့ကြကြောင်း သတင်းတု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရန် အတွက် မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ ၎င်းရက်နေ့တွင် ရေစကြိုမြို့နယ်၊ ကိုင်းမကြီးကျေးရွာနှင့် အနီးတစ်ဝန်း ကျင်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။


တရားမဝင်ပြည်ဖျက်မီဒီယာများသည် သတင်းအမှန်များ ရေးသားထုတ်လွှင့်ခြင်း မရှိဘဲ သတင်းတု၊ သတင်းအမှားများဖြင့်သာ ပြည်သူများကို သတင်းအဆိပ်ခတ် လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည့် တစ်ဖက်သတ်စွပ်စွဲ ရေးသားချက်များကိုသာ ရည်ရွယ်ရှိရှိ ရေးသားဖြန့်ဝေနေပြီး ဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)