သယံဇာတပစ္စည်းများ တရားမဝင်ထုတ်ယူခြင်း၊ ရောင်းဝယ်ခြင်း နှင့် တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သယံဇာတပစ္စည်းများ တရားမဝင်ထုတ်ယူခြင်း၊ ရောင်းဝယ်ခြင်း နှင့် တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှာကြား





နေပြည်တော်၊ မေ ၁၅

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးထွန်းအုံ ၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့ များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၄) အစည်း အဝေးတွင် “သွင်းကုန်များ လျှော့ချပြီး ပို့ကုန်များပိုမိုတင်ပို့နိုင်ရန်လိုကြောင်း၊  ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးကိုအလေးထားရန် ထပ်မံပြောကြားလိုကြောင်း၊ နှစ်စဉ် ပျမ်းမျှ စားသုံးဆီ ဒေါ်လာသန်း ၅၀၀ မှ ၆၀၀ အတွင်း ပြည်ပမှတင်သွင်းနေရမှုအား ဆီဖူလုံအောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေကုန်ကျမှုကို များစွာလျော့ ကျစေမည်ဖြစ်ကြောင်း၊ သယံဇာတပစ္စည်းများ တရားမဝင်ထုတ်ယူခြင်း၊ ရောင်းဝယ်ခြင်း နှင့် တရားမဝင်ကုန်သွယ်မှုများ မဖြစ်ပေါ်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း” ထည့်သွင်းမှာကြားခဲ့ကြောင်း။

အလားတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၄) တွင်လည်း “နိုင်ငံ့စီးပွား ရေးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့နိုင်ငံတွင် မြေခံရေခံကောင်း များနှင့် လူသားအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ သို့သော်စီးပွားရေးအရပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးလမ်းကြောင်းများအား ပိတ်ဆို့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြား အောင်ဆောင်ရွက်၍ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးပိတ်ဆို့အောင် ဆောင်ရွက် နေခြင်းများကြောင့် အခက်အခဲ အချို့ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါအချက်များ ကို ကျော်လွှားနိုင်မည်ဆိုပါက ကုန်သွယ်မှုများကောင်းမွန်လာပြီး နိုင်ငံ့စီးပွားပိုမိုတိုး တက်ကာ ငွေကြေးတန်ဖိုးများလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တိုက်ဖျက်ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ယခုအခါ (၁၄) ကြိမ် ရှိပြီဖြစ်ကြောင်း၊ ယခင် အစည်းအဝေး (၁၃) ကြိမ်အထိ ဆုံးဖြတ်ချက် (၄၅၆) ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးရမိအမှုတွဲ (၁၂,၄၃၀) မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများအတွင်း ဖမ်းဆီးရရှိမှု များအနေဖြင့် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် မန္တလေးတိုင်း ဒေသကြီးကပထမအများဆုံး၊ ကချင်ပြည်နယ်က ဒုတိယအများဆုံးနှင့် တနင်္သာရီတိုင်း ဒေသကြီးက တတိယအများဆုံးဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ကုန်ပစ္စည်း အုပ်စုအလိုက်ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့်တရားမဝင် ကုန်စည်တင် ရေယာဉ်အပါအဝင် မော်တော်ယာဉ်ယန္တရား ဖမ်းဆီးရရှိမှုများက အများ ဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ကာ တတိယအများ ဆုံးက ရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်သည်ကို တွေ့ရှိရကြောင်း။

ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ တရားမဝင်ကုန်သွယ်မှုကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အရပ်ရပ်သော ဝင်ငွေတွေဆုံးရှုံးမှုသည် နှစ်စဉ်အမေရိကန် ဒေါ်လာ ၂ ထရီလီယံကျော်ခန့်ရှိပြီး စိုက်ပျိုးရေးထုတ်ကုန်ဆိုင်ရာ တရားမဝင် ကုန်သွယ်မှုတန်ဖိုးမှာ နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၀ မှ ၄၀ ဘီလီယံကြားနှင့် တရား မဝင်ဆေးဝါးများကြောင့် ကလေးသူငယ်များ အသက်ဆုံးရှုံးခြင်းအပြင် တရားမဝင် ဓာတုဆေးဝါးများကြောင့်လည်း သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေကာ ကမ္ဘာပေါ်ရှိနိုင်ငံများစွာကို ခြိမ်းခြောက်လျက်ရှိကြောင်းကို ဖော်ပြထားသည်ကို တွေ့ရ မည်ဖြစ်ကြောင်း။

အာဆီယံဒေသတွင်းတွင်လည်း တရားမဝင်ကုန်သွယ်မှုများ မြင့်တက် လာခြင်းသည် အစိုးရများနှင့် တရားဝင်စီးပွားရေးလုပ်ငန်းများကို ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့်အပြင် ဇီဝမျိုးစုံ၊ မျိုးကွဲများ၊ လူ့အသက်များနှင့် လူ့အခွင့်အရေးများ ကို သိသိသာသာထိခိုက်လာစေကြောင်း၊  ထိခိုက်နစ်နာရသည့် အဓိကကဏ္ဍများ အနေဖြင့် ဆေးလိပ်၊ အရက်၊ အဖျော်ယမကာ၊ အရုပ်နှင့်ကစားစရာဂိမ်းများ၊ မော်တော်ယာဉ် အစိတ်အပိုင်းများ၊ ဆေးဝါးများ၊ စိုက်ပျိုးရေးဓာတုပစ္စည်းများ၊ ပိုးသတ်ဆေးများနှင့် မူပိုင်ခွင့်ခိုးကူးခြင်းတို့ပါဝင်ကြောင်းကို ဖော်ပြထားကြောင်း။

ထို့ပြင် ဉာဏပစ္စည်းမူပိုင်ခွင့် ကိစ္စရပ်များတွင်လည်း ကျယ်ပြန့်ရှုပ်ထွေးရုံ သာမက ပြင်းထန်သည့် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ပေါ်စေကြောင်းနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(OECD)၊ကမ္ဘာ့ဉာဏပစ္စည်း မူပိုင်ခွင့်အဖွဲ့ (WIPO)  တို့၏ တွေ့ရှိချက်များအရ ကုန်စည်အတုများ ကုန်သွယ်မှုသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၅၀၉ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့ကုန်သွယ် ရေး၏ ၃ ရာခိုင်နှုန်း ခန့်ရှိကြောင်း။

အာဆီယံဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်း အတုအပများသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်ရှိပြီး ဆေးဝါးအတုများ အနေဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံခန့်ရှိကြောင်းနှင့် စီးပွားရေးအရ နစ်နာဆုံးရှုံးမှုအနေဖြင့် နှစ်စဉ်အမေရိကန် ဒေါ်လာ ၆ ဘီလီယံခန့်ရှိကြောင်း လေ့လာ တွေ့ရှိရကြောင်း။

မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်ဘက်နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန် စသည့် နိုင်ငံများနှင့် ကုန်သွယ်မှုကွာခြားချက်များ လေ့လာမှုတွင် International Trade Centre (ITC) ၏ Data များအရ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုကွာခြားချက်သည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် မှ အများဆုံး ၁၂ ဘီလီယံအထိ ကွာခြားမှုရှိနေသည်ကို တွေ့ရှိရသည့်အတွက် တရားမဝင် ကုန်သွယ်မှုများရှိနေကြောင်း ဖော်ပြနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် သယံဇာတပေါကြွယ်ဝပြီး စိုက်ပျိုးရေးကို အဓိက အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် သယံဇာတထုတ်ကုန်များနှင့် စိုက်ပျိုးရေးထွက် ကုန်များကို အဓိကထားပြီး ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း၊ နိုင်ငံတော်၏စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးကို များစွာအနှောက်အယှက်အဟန့်အတား ဖြစ်ပေါ်လျက်ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် အခွန်ဘဏ္ဍာများစွာ ဆုံးရှုံးခြင်း၊ နိုင်ငံ၏ လူမှု စီးပွားရေးကဏ္ဍများအပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှုများစွာရှိ နေခြင်းများကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင်  အစိုး ရနှင့် ပုဂ္ဂလိကကဏ္ဍများအပြင် ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွား ရန်လိုအပ်မည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူတို့က အဓိကဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိစေရေးအတွက် အကောက်ခွန်နှင့်  ရသင့်ရထိုက် သည့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်သူများအတွက် ဘေးကင်းစိတ်ချရသည့် ကုန်စည်များအတွက် အာမခံချက်ပေးနိုင်ရေးတို့ဖြစ်ပြီး တရားမဝင်ကုန်စည် များ လျော့နည်းပပျောက်စေရေး၊ နောက်ဆုံးအနေဖြင့် တရားမဝင်ကုန်သွယ်မှုကို လုံးဝ ကင်းစင်ပပျောက်သည်အထိ တိုက်ဖျက်ရေးတို့ကို အစိုးရအနေဖြင့် ဦးတည်ဆောင် ရွက်ကြမည် ဖြစ်ကြောင်း။

Online မှ ပြည်တွင်းတွင် ရောင်းချသည့် ဆေးဝါး၊ အလှကုန်၊ စားသောက်ကုန်၊ လူသုံးကုန်စသည့် ကုန်စည်အများစုသည်လည်း တရားမဝင်လမ်းကြောင်းများက တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်းကို စိစစ်တွေ့ရှိရကြောင်း၊ ထို့ကြောင့် အထူးအဖွဲ့ များနှင့် One Stop Service (OSS) ဌာနဆိုင်ရာ တွေအပြင် FDA, CID တို့အနေဖြင့် ပုံမှန် တားဆီးဖမ်းဆီးခြင်း၊ အသွင်ယူ သတင်းထောက်လှမ်း တားဆီးဖမ်းဆီးခြင်းနှင့် သတင်းပေးတိုင်ကြားမှုများအရ တားဆီးဖမ်းဆီးခြင်းများကို ထိထိရောက်ရောက် ယခုထက်ပိုပြီး ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။

ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ အရည်အသွေးပြည့်မီသည့် ကုန်စည် များတင်သွင်းနိုင်ရန်ကိုလည်း ကုန်ပစ္စည်းတမယ်ချင်းအလိုက် စံချိန်စံညွှန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မြန်ဆန်ဆန် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုကြောင်း။

တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဝင်ပို့ကုန်ပမာဏ ကျဆင်းပြီး နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုကျဆင်းစေခြင်း၊ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် ငွေပေးချေမှုများ ပြုလုပ်နေခြင်းကြောင့် မှောင်ခိုငွေကြေးဈေးကွက် ဖြစ်ပေါ်စေခြင်း၊ နိုင်ငံတော်၏ ရငွေ/သုံးငွေ စာရင်းအမှန်များ တွက်ချက်ရန် အခက်အခဲများ ဖြစ်စေခြင်းနှင့် အကျိုးဆက်အားဖြင့် မှန်ကန်သည့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ မူဝါဒများ ချမှတ်နိုင်ရေးအပေါ် အဟန့်အတားအနှောက်အယှက်ဖြစ်စေခြင်းတို့ကို တွေ့ရှိရကြောင်း၊ ထို့အပြင် တရားမဝင်ကုန်သွယ်မှုများကြောင့် တရားဥပဒေစိုးမိုး ရေးအပေါ်တွင်လည်း သက်ရောက်မှုရှိကြောင်းတွေ့ရှိရပြီး နိုင်ငံ့ဝန်ထမ်းများ အကျင့် ပျက်ခြစားခြင်း၊ အဂတိလိုက်စားမှုကိုတွန်းပို့စေကာ အကျင့်စာရိတ္တအားနည်းလာစေ ခြင်း မှတဆင့် အုပ်ချုပ်မှုယန္တရားကို ထိခိုက်လာနိုင်မည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ တွင် သက်ဆိုင်ရာအထူးအဖွဲ့များ၊ One Stop Service (OSS) ဌာနဆိုင်ရာ တာဝန်ခံ များအနေဖြင့် ကုန်သွယ်မှုလမ်းကြောင်းများ၊ သက်ဆိုင်ရာတာဝန်ကျ စစ်ဆေးရေး စခန်းများတွင် တားဆီးခြင်း၊ ဖမ်းဆီးခြင်းများ ဆောင်ရွက်ရာတွင် တရားမဝင်တင် သွင်းမှုများအပြင် တရားမဝင်တင်ပို့မှုများကိုပါ ထိထိရောက်ရောက် တားဆီး၊ ဖမ်းဆီး ပြီး ဥပဒေနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အပြင် တရားမဝင် ကုန်စည်များနှင့်ပတ်သက်ပြီး စတင်တား ဆီးဖမ်းဆီး စစ်ဆေးစဉ် ကပင် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းစဉ်၊ SOPs များနှင့်အညီ ထိထိရောက်ရောက် မှန်မှန်ကန် ကန် ဆောင်ရွက်ကြရန်ကိုလည်း တိုက်တွန်းပြောကြားလိုကြောင်း။

တရားမဝင်ကုန်သွယ်မှုများကြောင့် ကုန်ထုတ်လုပ်မှုနှင့် စားသုံးသူ ပြည်သူ များအတွက် အကျပ်အတည်း ဖြစ်ပေါ်စေခြင်းအပြင် စီးပွားရေးလုပ်ငန်းများအနေနှင့် လည်း ဈေးကွက်ကမောက်ကဖြစ်ခြင်းကြောင့် လုပ်ငန်းများမတိုးချဲ့နိုင်ခြင်းနှင့် ရပ်ဆိုင်း ခြင်းတို့ဖြစ်ပေါ်လာစေပြီး ထိုမှတဆင့် ပြည်တွင်းတွင် အလုပ်လက်မဲ့ဦးရေ မြင့်တက် လာကာ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ကြသည့်အတွက် ပြည်တွင်းကုန် ထုတ်လုပ်မှုကဏ္ဍ၌ လုပ်အားများလျော့နည်းသွားနိုင်ခြင်းနှင့်အတူ ကုန်ထုတ်လုပ်မှု များ လျော့ကျလာပြီး ပြည်တွင်းတွင် စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်လာကာ နိုင်ငံ၏ လူမှုစီးပွားရေးကဏ္ဍများအပေါ် များစွာအကျိုးသက်ရောက်မှုရှိလာမည် ဖြစ် ကြောင်း။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကြောင့် နောက်ဆုံးအဆင့်အနေဖြင့် တိုက်ရိုက်ထိခိုက်နစ်နာသူများသည် စားသုံးသူပြည်သူများဖြစ်သည့်အပြင် ကိုယ် တိုင်ထုတ်လုပ်သည့် တိုင်းရင်းသားလုပ်ငန်းရှင်များသည်လည်း တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ပါ ကြောင်း၊ ထို့ကြောင့် ယင်းဖြစ်စဉ်များ မဖြစ်ရအောင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ရှိသည့် အထူး တိုက်ဖျက်ရေးအဖွဲ့များကလည်း တရားမဝင်ကုန်သွယ်မှုများကို လုံးဝကင်း စင်ပ ပျောက်သည်အထိ အစိုးရနှင့် ပြည်သူလက်တွဲပြီး ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ အတွင်း ရေးမှုး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း က ဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်း လင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေး မှူးချုပ် ဦးအောင်သွင်ဦး ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသင့် မြတ်သူ၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ခင်ဇော်နှင့် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး (၂/၂၀၂၄) သို့ တင်ပြလာသည့် အမှာစာများကိုဖတ်ကြား တင်ပြကြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူ က ထိန်းချုပ်ဓာတုပစ္စည်းများ ပြည်ပမှတင်သွင်းဆောင်ရွက်မည့် ကုမ္ပဏီတွင်ရှိသင့် သည့် Criteriaစံသတ်မှတ်ချက်များနှင့် ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းစဉ်များ စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦထွန်းအုံ နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တရားမဝင်ကုန်သွယ်မှုဆိုင်ရာ သုံးသပ်တွေ့ရှိချက်များ၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ တရားမဝင်ယာဉ်များ၊ စက်သုံးဆီ များ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်း ဖမ်းဆီးရမိမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စ ရပ်များ၊ ပို့ကုန်၊ သွင်းကုန် နှိုင်းယှဉ်ချက်များနှင့် ကုန်သွယ်ရေးစခန်းများ၌ ကုန်စည် စီးဆင်းနေမှု အခြေအနေများ၊ E-Lock စနစ် ဆိုင်ရာကိစ္စရပ်များ၊ တရားမဝင် Online မှ ကုန်ပစ္စည်းများရောင်းချနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင် ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေး နွေးတင်ပြကြပြီး ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင်က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၂/၂၀၂၄) ဆုံးဖြတ်ချက် (မူကြမ်း)များကို ဖတ်ကြားတင်ပြသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေး နွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)