ဒုတိယဝန်ကြီးဒေါ်နုမြဇံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံယဉ်ကျေးမှုပြတိုက် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးဒေါ်နုမြဇံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံယဉ်ကျေးမှုပြတိုက် ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် မေ ၁၁ ရက် မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ အမှတ် (၁) ရပ်ကွက်ရှိ ယဉ်ကျေးမှု ပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်သို့ လာရောက်လေ့လာသူများ စိတ်ပါဝင်စားမှုရရှိစေရေးအတွက် လုံလောက်သော အလင်းရောင်ရရှိစေရေး ဆောင်ရွက်ရန်၊ ခင်းကျင်းပြသထားသည့် ပစ္စည်းအမျိုးအမည်နှင့် လိုက်ဖက်ညီသည့် အရောင်များကို ရွေးချယ်ခင်းကျင်းပြသရန်နှင့် လာရောက်လေ့လာသူများ သက်သောင့် သက်သာဖြင့် ကြည့်ရှုနိုင်ရေးအတွက် ပြသပစ္စည်းများကို သင့်တော်သည့် နေရာတွင် ပြောင်းလဲခင်းကျင်း ပြသနိုင်ရေး ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမှတ် (၄) ရပ်ကွက်ရှိ ယဉ်ကျေးမှုပြတိုက် အသစ်သို့သွားရောက်ကြည့်ရှုပြီးခင်းကျင်း ပြသရာတွင် အများပြည်သူ စိတ်ပါဝင်စားမှု ရရှိစေရေးအတွက် ပြခန်းအနေအထားပေါ်မူတည်ပြီး ပစ္စည်းများကို ပြောင်းရွှေ့ခင်းကျင်း ပြသထားရှိသွားရန်၊ ပြခန်းများတွင် Touch Screen နှင့် ဆက်စပ် ပစ္စည်းများအသုံးပြု၍ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို လွယ်ကူစွာလေ့လာသိရှိနိုင်ရေး ထားရှိဆောင်ရွက် သွားရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)