ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းစတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းစတင်ဆောင်ရွက်






ကော့သောင်း၊ မေ ၂၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကိုမေလ(၂၃)ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများတွင် လက်ခံဆောင်ရွက်လျက်ရှိရာ ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်လက်ခံရာတွင် အသက်(၅)နှစ်ပြည့်ပြီးသူများအား KG တန်းနှင့် အသက်(၆) နှစ်ပြည့်သူများအား Grade-1(ပထမတန်း) များလက်ခံခြင်း၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အတန်းတင် စာမေးပွဲအသီးသီး အောင်မြင်ကြပြီးသော ကျောင်း သား၊ကျောင်းသူများအား အတန်းသစ်အပ်နှံလက်ခံခြင်းနှင့် ကျောင်းသားသစ်များ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ထိုကဲ့သို့ကျောင်းအပ်နှံရာတွင် မိဘအုပ်ထိန်းသူများက ကျောင်းသား၊ကျောင်းသူများနှင့်အတူလိုအပ်သည့် အချက်အလက်များဖြင့် စနစ်တကျ လာရောက်အပ်နှံလျက်ရှိကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန်လ(၃)ရက်နေ့မှစ၍ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)