ပင်လောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ




ပင်လောင်း၊ မေ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူလေးများက "ကျောင်းအပ်နှံရေးသီတင်းပတ်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်နိုင်ရန်အတွက် ပညာတတ်ကျွမ်းကျင်သူများရရှိအောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် တန်ဖိုးမြင့် လူ့စွမ်းအားအရင်းအမြစ်များရရှိရန်ဖြစ်ကြောင်း၊ မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်၍ လူတစ်ဦးချင်းသည် ပညာကောင်းစွာတတ်မြောက်ရန်လိုအပ်သလို နိုင်ငံအနေဖြင့်လည်း တစ်မျိုးသားလုံး ပညာရည်မြင့်မားရန်လိုအပ်ကြောင်း၊ ပညာတတ်မြောက်သူသည် ဘဝခရီးလမ်းမှာ အခွင့်အလမ်းပိုများကြောင်း၊ ဘဝကိုပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်ရန်နှင့် ဝင်ငွေမြင့်မားရန်အတွက်လည်း ပညာရေးက အထောက်အကူပေးနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကလေးများအတွက် နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့သော ကျောင်းသုံးပစ္စည်းများ၊ ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာအဆင့်အလိုက် ကျောင်းသား၊ ကျောင်းသူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။ ထို့နောက် Grade-10 ကျောင်းသား မောင်ချစ်မင်းဟန်မောင်နှမ နှစ်ဦးအတွက် မိုးဗြဲမြို့နေ ဦးကျင်စင်းနှင့် ဒေါ်ခင်မာဝင်းမိသားစုက ပညာသင်ထောက်ပံ့ကြေးကိုလည်းကောင်း၊ အ.ထ.က(၂) ကျောင်း အကျိုးတော်ဆောင်အဖွဲ့မှ ကျောင်းအတွက် အလှူငွေကျပ်(၂၀)သိန်းအားလည်းကောင်း၊ အ.ထ.က-တီကျစ်ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျောင်းအတွက် အလှူငွေကျပ်(၂၀)သိန်းအားလည်းကောင်း၊ အ.ထ.က(ခွဲ)-ရင်းမှီးမှ ရပ်မိရပ်ဖနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန်အတွက် အလှူငွေကျပ်သိန်း(၁၀၀)ကိုလည်းကောင်း၊ အ.ထ.က-နောင်တရား ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တွဲဘက်တာဝန်ထမ်းဆောင်သော ဆရာ၊ ဆရာမများနေထိုင်ရေးနှင့် လျှပ်စစ်မီးသွယ်တန်းရေးအတွက် အလှူငွေကျပ်(၃၀)သိန်းအား ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူခဲ့ကြသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပင်လောင်းမြို့နယ် အခြေခံကျောင်းများ၌ မေလ(၂၃)ရက်နေ့မှ မေလ(၂၉)ရက်နေ့အထိ မူလတန်းအဆင့်(၂၀၆၇၇)ဦးအပ်နှံပြီး ၇၃.၉၉ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် (၆၉၂၃)ဦးအပ်နှံပြီး ၆၄.၃၆ ရာခိုင်နှုန်း၊ အထက်တန်းအဆင့်(၃၀၉၆)ဦးအပ်နှံပြီး ၆၉.၅၅ ရာခိုင်နှုန်း၊ တစ်မြို့နယ်လုံးအနေဖြင့် ကျောင်းအပ်နှံမှုစုစုပေါင်း ၆၉.၅၅ ရာခိုင်နှုန်း ကျောင်းအပ်နှံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)