အမ်းမြို့ရှိ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် အမ်း-ပဒါန်းလမ်းကြောင်းပေါ်မှတဆင့် ကုန်စည်ပို့ဆောင်ရေးယာဉ်(၂၇)စီးဖြင့် ပို့ဆောင်ပေးခဲ့သော ဆန်နှင့်အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့ရှိ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် အမ်း-ပဒါန်းလမ်းကြောင်းပေါ်မှတဆင့် ကုန်စည်ပို့ဆောင်ရေးယာဉ်(၂၇)စီးဖြင့် ပို့ဆောင်ပေးခဲ့သော ဆန်နှင့်အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ


အမ်း၊ မေ ၃၀

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ရှိ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် အမ်းဒေသ ကုန်စည်ပို့ဆောင်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် အမ်း-ပဒါန်းလမ်းကြောင်းပေါ်မှတဆင့် ကုန်စည်ပို့ဆောင်ရေးယာဉ်(၂၇)စီးဖြင့် ရောက်ရှိလာသော ဆန်နှင့်အခြေခံစားသောက်ကုန်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်များသည် အမ်းမြို့သို့ မေလ(၂၉)ရက်နေ့ ညနေ (၁၄း၀၀)နာရီခန့်တွင် ရောက်ရှိကြောင်း သိရသည်။

အဆိုပါ ဆန်နှင့်အခြေခံစားသောက်ကုန်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်များအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်းနှင့်တာဝန်ရှိသူများ၊ အမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက အမ်းမြို့အဝင် ပဲပဒုံတံတားအနီးတွင် လှိုက်လှိုက်လှဲလှဲဝမ်းပန်းတစ်သာ ကြိုဆိုခဲ့ကြသည်။

ထိုသို့ အမ်း-ပဒါန်းလမ်းကြောင်းပေါ်မှတစ်ဆင့် ဆန်နှင့်အခြေခံစားသောက်ကုန်များ ပို့‌ဆောင်သည့်ယာဉ်များအား အမ်းမြို့ရှိ နယ်မြေခံတပ်မတော်သားများက လမ်းကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်၍ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါ ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများအား ယမန်နေ့နေ့လည်ပိုင်းတွင် ရွှေအမ်းတောင်ခန်းမ၌ ဈေးရပ်ကွက်ရှိ ဒေသခံပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ အမ်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ အမ်းမြို့ရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)