ကျောင်းကုန်း၊ မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း ယမန်နေ့ညနေ ၅ နာရီကျော်ခန့်က မိုးရွာသွန်းပြီး၊ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းနှင့် နေအိမ်(၂၄)လုံးပြိုပြီး၊ (၃၆) လုံး အမိုးလန်ပျက်စီးသွားခဲ့ကြောင်းသိရသည်။
ကျောင်းကုန်းမြို့နယ်အတွင်း မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကိုင်းတာအုပ်စု၊ မိုးမခအုပ်စု၊ အစုကြီးအုပ်စု၊ ကျောင်းအိုင်အုပ်စုနှင့် ရွာသာကုန်းအုပ်စုအတွင်းရှိ ကျေးရွာများတွင် နေအိမ်(၂၄)လုံးပြိုပြီး၊ နေအိမ် (၃၆)လုံး အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ လေဘေးသင့်သွားသော မိုးမခအုပ်စု၊ လယ်တီစုကျေးရွာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်တို့ ကြီးကြပ်လျက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက ပြိုကျပျက်စီးသွားသော နေအိမ်များအား ရှင်းလင်းဖယ်ရှားပေးခြင်း၊ နေအိမ်သို့ပိနေသော သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment