ဘားအံမြို့တွင် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့တွင် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများဆင်းပွဲ ကျင်းပ





ဘားအံ မေ ၁၆


လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နွေရာသီ အဆင့်မြင့် အားကစားသင်တန်းကို ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘက်စကက်ဘော၊ ကြက်တောင်၊ ဂျူဒို၊ ကရာတေး အစရှိသော အားကစားနည်း(၇)နည်းဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ရာ ယမန်နေ့ နံနက် ၁၀ နာရီက စုပေါင်း သင်တန်းဆင်းပွဲကို ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


အဆိုပါ သင်တန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၃၆) ဦးဖြင့် မေလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ သင်ကြားပို့ချပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်ကြားပို့ချ ပေးခဲ့သည့် လေ့ကျင့်ခန်းများသည် အားကစားသမားများအတွက် အဆင့်မြင့်လေ့ကျင့်မှုများဖြစ်သည့် အတွက် ပိုမိုကျွမ်းကျင်ပိုင်နိုင်ပြီး ထူးချွန်သော အားကစားသမားများ ဖြစ်လာအောင် ဆက်လက် လေ့လာလိုက်စားကစားသွားကြရန်လိုကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် အားကစားလှုပ်ရှားဆောင်ရွက်မှုမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာသည့် ဗလငါးတန်ကို အသုံးချပြီး ကရင်ပြည်နယ်နှင့် နိုင်ငံတော်၏ နောင်အနာဂတ်ကာလများတွင် အားကိုးအားထားပြုလောက်သည့် ထူးချွန်ထက်မြတ်သူများအဖြစ် မိမိကိုယ်ကိုပြုစု ပျိုးထောင်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များနှင့်သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက နွေရာသီအဆင့်မြင့်အားကစားသင်တန်း အားကစားနည်းများအလိုက် ဆုရအားကစားသမားများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြသည်။


ယင်းနောက် နွေရာသီအဆင့်မြင့်အားကစားသင်တန်း ကရာတေးအဖွဲ့၊ ဂျူဒိုအဖွဲ့နှင့် Fitness Dance အဖွဲ့များမှ သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နွေရာသီအဆင့်မြင့် အားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ သင်တန်းသား၊ သင်တန်းသူ၊ နည်းပြများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)