မော်လမြိုင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ





မော်လမြိုင် ၊   မေလ  ၁၆


မွန်ပြည်နယ်၊ မော်လမြို့င်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မွန်ပြည်နယ် ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄ မှာ နိုင်ငံတော်သည်အလုပ်သမားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်ဟုပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံအတွင်းမှာအလုပ်သမားများ၊ ကလေးအလုပ်သမားများအခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် ပြဋ္ဌာန်းထားသောဥပဒေများ ၂၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရှိပါကြောင်း၊ ယင်းသည်ပင်လျှင် နိုင်ငံတော်သည် အလုပ်သမားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်ဆိုသည်ကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်၏ ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် တက်ညီလက်ညီဝိုင်ဝန်းအကြံပြုဆွေးနွေးကြရန် ပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင်က မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစီမံချက်ပါ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်အတွက် လက်ကမ်းစာစောင် ဖြန့်ဝေနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာတက်ရောက်လာသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ အဖွဲ့ဝင်များက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုတင်ပြခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)