ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းစည်းဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းစည်းဝေး


နေပြည်တော်၊ မေ ၁

ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဦးရင်မောင်ညွန့်၊ ပါမောက္ခဒေါက်တာအေးထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/ တိုင်းဒေသကြီးများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့ရှိ MSME Agency မှ တာဝန်ရှိသူများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ၊ ဆီစက်လုပ်ငန်းရှင်များနှင့် စက်မှု ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏လမ်းညွှန်ချက်အရ ၂၀၂၅ - ၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းစားသုံးဆီထုတ်လုပ်ကြိတ်ခွဲခြင်းမှတစ်ဆင့် ဖူလုံ အောင်ဆောင်ရွက်ရေး၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချရေးတို့အတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ်မှစတင်၍ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဆီထွက်သီးနှံများ အထွက် နှုန်းတိုးတက်ရန်နှင့် ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိရေး၊ စိုက်ပျိုးဧက၊ အထွက်နှုန်းပမာဏ မှန်ကန်မှုရှိစေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို ဆီကြိတ်စက်များသို့ ရောက်ရှိသည်အထိ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံများကို ကြိတ်ခွဲနိုင်ရေး ဆီစက်လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ရေး၊ ထွက်ရှိလာသည့်စားသုံးဆီများကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချနိုင်အောင် ဆက်စပ်ဆောင်ရွက လျက်ရှိကြောင်း၊ ပြည်တွင်းစားသုံး မှုဖူလုံရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများသည် မြေပြင်သို့ သွားရောက်ကွင်းဆင်း၍ လုပ်ငန်းလည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြော ကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲ ရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအစီအမံများ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက်လုံလောက်စေရန်အတွက် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှဦးစီး၍ ဆီထွက်သီးနှံစိုက်ဧကနှင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်ရေးအတွက် ပံ့ပိုးအားပေးမှုများ ဆောင်ရွက်နေသဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးနှင့်ညီညွတ်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဆီစက်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကြိုးစား၍ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


ပြည်နယ်/တိုင်းဒေသကြီးအလိုက် အထူးဇုန် (၇) ဇုန်မှ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးမည့်အခြေအနေ နှင့် ဆီထွက်သီးနှံကုန်ကြမ်းရရှိနိုင်မှုအခြေအနေတို့ကို ထည့်သွင်းဆွေးနွေးရမည်ဖြစ်ပြီး ဆီထွက်သီးနှံ ကုန်ကြမ်းများ ပြည်ပသို့တင်ပို့မှုကိုလည်း ထိန်းသိမ်းကွပ်ကဲကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်း ဆီကြိတ်စက်များအတွက် ကုန်ကြမ်းသီးနှံများ စဉ်ဆက်မပြတ် ရရှိစေရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရန်အတွက် လိုအပ်သော ဆီတန်ချိန်များအား ပြည်တွင်းဆီစက်များမှ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းဆီစက်များမှ ထွက်ရှိလာသော စားသုံးဆီကုန်ချောများ ဈေးကွက်စဉ်ဆက်မပြတ်ရရှိရေးတို့အတွက် အစည်းအဝေးတက်ရောက်လာကြသူများက ဆွေးနွေးဖော်ထုတ်ပေးကြရမည်ဖြစ်ကြောင်း၊ ဆီကြိတ်ဖတ်များကို မွေးမြူရေးအစားအစာ ထုတ်လုပ်မှုကဏ္ဍသို့ ကွင်းဆက်မပြတ် အပြည့်အဝချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိုလည်း ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဆီထွက်သီးနှံ စိုက်ခင်းမှသည် ဆီကြိတ်စက်နှင့် ဈေးကွက်သို့ရောက်ရှိသည်အထိ တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ထုတ်လုပ်ပြီး ပြည်ပ ဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် ဆီစက်လုပ်ငန်းရှင်များ၏ လိုအပ်ချက်၊ အခက်အခဲများကိုလည်း စက်မှုဝန်ကြီးဌာန ဆက်စပ်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ အေဂျင်စီများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌနှင့် ဆီစက်လုပ်ငန်းရှင်များ၊ မန္တလေးစိန်ပန်းစက်မှုလက်မှု ကုန်ထုတ်သမဝါယမအသင်းလီမိတက်အမှုဆောင်ဒါရိုက်တာ၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မွေးမြူရေးအစာထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာစီးပွားရေးလူမှု ဖွံ့ဖြိုးအဖွဲ့အစည်း (သုတေသန) အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက စားသုံးဆီဖူလုံစေရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေးဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံများ ရေးဆွဲရာတွင် ချိတ်ဆက်ဆောင်ရွက်ရန်များအပေါ် သုံးသပ်ဆွေးနွေးခြင်းများကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသူများက ပြည်တွင်းစားသုံးမှုဖူလုံစေရေးအတွက် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)