ကော့ကရိတ်မြို့တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ



ကော့ကရိတ် ၊  မေ  ၁၂


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အကြမ်းဖက်​သောင်းကျန်းသူများသည် ရပ်ကွက်/​ကျေးရွာများသို့ အတင်းအဓမ္မဝင်​ရောက်ပြီး တိုက်ပွဲ​ဖော်​ဆောင်ခဲ့သည်အတွက် ဒေသခံပြည်သူများသည် ဘေးလွတ်ရာဒေသများသို့ ယာယီပြောင်းရွေ့နေထိုင်ခဲ့ကြရာမှ ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် မြို့တွင်းသို့ နေစဥ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ၄င်းပြည်သူများ နေထိုင်မှုနှင့် လျှပ်စစ်မီးများ အဆင်ပြေသုံးစွဲနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓါတ်မီးတိုင်နှင့် လျှပ်စစ်ကြိုးများ  ရှင်းလင်းသွယ်တန်းခြင်းတိုကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယ​မန်နေ့နံနက်ပိုင်းတွင် ​စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်​ဇော်၊ ​ကေ့ာကရိတ်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း​ဝေ၊ ခရိုင်ရဲရုံးမှ ဒုရဲမှူးကြီး မင်းခန့်တို့သည် အမှတ် (၆)ရပ်ကွက်ရှိ အ.ထ.က(၂) ကျောင်းဝင်းတွင် ​ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ စု​ပေါင်း​သန့်ရှင်း​ရေးဆောင်ရွက်ခြင်းနှင့် ပြည်သူ့​ဆေးရုံသို့​ ရောက်ရှိ​နေသည့် ဆရာဝန်/ဆရာမ များအား စား​သောက်ကုန်ပစ္စည်းများ ​ထောက်ပံ့ပေးအပ်ခြင်း၊ ​ဆေးရုံသို့တက်​ရောက်ကုသ​နေသည့် လူနာများအား လှည့်လည်ကြည့်ရှု့၍ လိုအပ်သည်များကို  ​ဆွေး​နွေးခဲ့ကြသည်။

ထို​နောက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း​ဝေနှင့် တာဝန်ရှိသူများသည် အမှတ်(၄)ရပ်ကွက် ​တောင်​ပေါ်​ကျောင်းတိုက်ရှိ လက်နက်ကြီးထိမှန်မှု​ကြောင့် ပျက်စီးနေသည့်​ကျောင်း​ဆောင်အမိုးများ ပြုပြင်​​​ဆောင်ရွက်​နေမှု၊ ဇိနသုခ​လောကသရဖူ​စေတီတော်ဝန်းအတွင်းတွင် ​ပြန်လည်ဝင်ရောက်လာကြသည့် စစ်​ဘေးရှောင်ပြည်သူများအတွက် ယင်လုံအိမ်သာ​ဆောက်လုပ်​နေမှု၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများမှ ​ပြန်လည်ဝင်ရောက်လာသည့် စစ်ဘေးရှောင်အိမ်ထောင်စုစာရင်းများ ​ကောက်ယူခြင်း၊ ကယ်ဆယ်​ရေးပစ္စည်းများ​ထောက်ပံ့ပေး​​မှုနှင့် မြို့မ​စျေးတွင် စား​သောက်ကုန်များ ​ရောင်းချ​နေမှုအ​ခြေ​အ​နေတို့ကို ကြည့်ရှု့စစ်​ဆေးခဲ့​ပြီး လိုအပ်သည်များကို ​​တာဝန်ရှိသူများနှင့် ဆွေး​နွေးညှိနှိုင်း ​ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ခင်မျိုးဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)