ပခုက္ကူမြို့နယ် အရာတော်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ် အရာတော်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်



ပခုက္ကူ  ၊  မေ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြိုနယ် အရာတော်ကျေးရွာတွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က မီးလောင်မှုဖြစ်ပွားပြီး မီးဘေးသင့်ခဲ့သည့် ပြည်သူလူနေအိမ် (၅)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မေလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံးခန်းမ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ် ဆိက္ခဝကျေးရွာအုပ်စု အရာတော်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး မီးဘေးသင့်ခဲ့သည့် ပြည်သူလူနေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် ၆၀၀၀၀၀ နှင့် မီးဘေးသင့်လူဦးရေ (၂၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၄၂၀၀၀၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၄၂၀၀၀)တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်စိုးမိုးနှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူအိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြကြောင်းကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)