ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ






ဆင်ပေါင်ဝဲ  ၊  မေ  ၁၀


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့၊ အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် အခြေခံပညာ မူလတန်းလွန်ကျောင်းရှေ့တို့၌ စိုက်ထူခဲ့ရာ မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်စိန်နှင့် ဝန်ထမ်းများမှ ဆိုင်းဘုတ်အား စိုက်ထူကာ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာများဖြင့် ပက်ဖြန်းပေးခဲ့သည်။


ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ (၂၃) ရက်နေ့မှ ဇွန် (၂) ရက်နေ့အထိဖြစ်ပြီး၊ အဆိုပါအသိပညာပေးဆိုင်းဘုတ်စိုက်ထူရခြင်းမှာ " ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ ဆရာ/ဆရာမများ ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း သိရသည်။


ခန့်ဝင်း(ဆင်ပေါင်ဝဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)