နိုင်ငံတော်စံမံအုပ်ချုပ်ရေးကောင်စီဝန်ကြီးချုပ်နှင့်အဖွဲ့က ဘာသာပေါင်းစုံအဖွဲ့အစည်းအား ဖိတ်ကြားကာ ဘာသာရေးအဆောက်အဦးများဆောက်လုပ်ရန် မြေနေရာများချထားပေးခြင်းအပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စံမံအုပ်ချုပ်ရေးကောင်စီဝန်ကြီးချုပ်နှင့်အဖွဲ့က ဘာသာပေါင်းစုံအဖွဲ့အစည်းအား ဖိတ်ကြားကာ ဘာသာရေးအဆောက်အဦးများဆောက်လုပ်ရန် မြေနေရာများချထားပေးခြင်းအပေါ် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေညာချက်

 


ရက်စွဲ ။  ။ ၂၀၂၄ခုနှစ်၊ မေလ (၄)ရက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းနေပြည်တော်ရှိ ဇဗ္ဗူသီရိခန်းမတွင် ဧပြီလ (၁၂)ရက် မနက်ပိုင်းက ဖိတ်ကြားတွေ့ဆုံသည်။

မည်သည့်နိုင်ငံတွင်မှ ဖွဲ့စည်းဆောင်ရွက်လုပ်ဆောင်ခြင်းမရှိသည့် ဘာသာပေါင်းစုံ အမည်တပ်ထားသော အဖွဲ့အစည်းအား တွေ့ဆုံပွဲတွင် ဘာသာရေးအဆောက်အဦးများ ဆောက်လုပ်နိုင်ရန် မြေနေရာဧကများကို တရားဝင် ချထားပေးခြင်းကို ကြားသိမြင်တွေ့ရပါသည်။ ထိုသတင်းများ ကြားလျှင်ကြားချင်းမှာပင် ရဟန်း ပညာရှိ၊ လူပညာရှိများ၏ စိတ်နှလုံး မအေးချမ်း မသာယာသည့် သတင်းစကားများ မျိုးစုံအောင် မြင်တွေ့ ခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော်အစိုးရအဆက်ဆက် လုပ်ကိုင်ဆောင်ရွက်ခဲ့ဘူးခြင်း မရှိသည့် ဆောင် ရွက်ချက်များ ဖြစ်ပေါ်နေသည့်အတွက် မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ(ရန်ကုန်) အနေဖြင့်လည်း များစွာ အံအားသင့်ခဲ့ရပါသည်။

လက်ရှိနိုင်ငံတော်အတွင်း အကြမ်းဖက်မှုများ ဖြစ်ပေါ်နေခြင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားနေခြင်း၊ ဗုဒ္ဓ ဘာသာနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဘာသာရေးအဆောက်အဦးနှင့်ဘုရားစေတီပုထိုးများ ဖျက်ဆီး ခံနေရခြင်း ရဟန်းသံဃာများ သတ်ဖြတ်ခံနေရခြင်းသည်  နိုင်ငံရေးအာဏာရူးမှုကိုအခြေခံ၍ ဘာသာရေး စော်ကားမှုကို အခြားဘာသာဝင်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်ခဲ့သည်မှာ ထင်ရှားသည်။ ၎င်းကိစ္စများ ပေါ်ပေါက်ခဲ့ခြင်းအပေါ် ဘာသာပေါင်းစုံ အမည်ခံထားသော အဖွဲ့အစည်းသည် သက်ဆိုင်ရာ ဘာသာဝင်များအလိုက် တားဆီး ဟန့်တားခြင်း၊ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်၍ သတိပေး တားမြစ်ခြင်း၊ ဘာသာတစ်ခုခြင်းစီ အလိုက် ဟန့်တားခြင်း သဘောမျိုး ထုတ်ပြန်ပြောဆိုခြင်း မရှိသည့် အတွက် ဘာသာတစ်ခုခြင်းစီ၏ တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်နိုင်ဘဲ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်သည်။ ထိုသို့သောအဖွဲ့အစည်းမျိုး မိမိတို့နိုင်ငံအတွင်း မရှိသင့်ပါ၊ မထားလည်း မထားသင့်ပါ။ ထိုသို့ သော အဖွဲ့အစည်းမျိုး မည်သည့်နိုင်ငံတွင်မှ မရှိသည့်အတွက် မိမိတို့ မြန်မာနိုင်ငံတွင်လည်း လုံးဝ(လုံးဝ) မထားရှိသင့်ပါ။

မိမိတို့ဗုဒ္ဓဘာသာဝင်များသည် မည်သည့် ဘာသာ သာသနာကိုမျှ စတင်စော်ကား ဖျက်ဆီးမှုများမရှိခဲ့ သော်လည်း အခြားဘာသာဝင်များသည် မိမိတို့နိုင်ငံတော်၏ နိုင်ငံတော် ဘာသာ သာသနာ၊ တိုင်းရင်းသား လူမျိုးများအပေါ် ရည်ရွယ်ချက်ရှိရှိ စော်ကားဖျက်ဆီး တိုက်ခိုက်နေသည်မှာ သိသာထင်ရှားသည်။ မိမိတို့ အနေဖြင့် တိုင်းရင်းသား ဘာသာဝင်များအပေါ် မြေနေရာပေးခြင်းအပေါ် နားလည်းခွင့်လွှတ်၍ ရသော် လည်း တိုင်းရင်းသားမဟုတ်သည့် ဘာသာဝင်များအပေါ် မြေနေရာ အဆောက်အဦး ဆောက်လုပ်ခွင့် လုပ်ပိုင်ခွင့်များ လုံးဝ (လုံးဝ)မပေးနိုင်ပါ။ ဥပဒေမဲ့ ပြောဆိုတားမြစ်ခြင်း မဟုတ်ပါ။ ဘာသာရေးအဆောက် အဦးများ ဆောက်လုပ်ခွင့်ဥပဒေ၊ တားမြစ်ထားသည့် ဥပဒေ တရားဝင် ရှိပြီးဖြစ်ပါသည်။

ဗုဒ္ဓဘာသာရဟန်းသံဃာများ ကျောင်းဆောက်ခွင့် ကျောင်းအဖြစ် အသိအမှတ်ပြုခွင့် ကျောင်းမြေနေရာ ဝယ်ယူခွင့် လျှောက်ထားသည့်အခါများတွင် လက်ရှိ နစကအစိုးရ တာဝန်ရှိသူ အဆင့်ဆင့်သည် နည်းလမ်း ပေါင်းစုံဖြင့် တားဆီးပိတ်ပင် ဖျက်ဆီး ဖြိုဖျက် လုပ်ဆောင်နေမှုများကိုလည်း များစွာမြင်တွေ့နေရပါသည်။

ထိုသို့သော အခြေအနေမျိုးတွင် နိုင်ငံတော်၏ ဝန်ကြီးချုပ်ကြီးကိုယ်တိုင်က တည်ငြိမ်အေးချမ်းရေး တရား ဥပဒေစိုးမိုးရေး နယ်မြေတည်တံခိုင်မြဲရေးကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ ဘယ် ဘာသာကိုမှ ကိုယ်စားပြု လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဘာသာပေါင်းစုံအဖွဲ့မှ လူပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မြေနေရာများ ပေးအပ်ခြင်း၊ တရားမဝင်သည့် ဘာသာရေးအဆောက်အဦးများ ဆောက် လုပ်ခွင့် ပေးမည်ဟု ပြောဆိုပေးကန်းခြင်းသည် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးကို ပိုမိုစိုးရွားလာအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ရှုမြင်မိပါသည်။

ထို့ကြောင့် လက်ရှိ နစကအစိုးရ၏ ဝန်ကြီးချုပ်ကြီးအနေဖြင့် ထုတ်ပြန်ပြောဆို ပေးကမ်းထားသည့် အမိန့် ကြေညာချက်များကို ပြန်လည်ရုတ်သိမ်းကာ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထု၏ သဘောဆန္ဒကို အလေးထား၍ နိုင်ငံတော်နှင့် တိုင်းရင်းသားတို့၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင် ရွက်ပေးပါရန်နှင့် ရဟန်းရှင်လူ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် တန်ဖိုးထား စောင့် ရှောက်ပေးနိုင်ပါရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ တည်ငြိမ်အေးချမ်းမှုကို လိုလားသော တိုင်းရင်းသား/ တိုင်း ရင်းသူ ရဟန်းရှင်လူပြည်သူပြည်သား အားလုံးကိုယ်စား သဘောထားကြေငြာချက် ထုတ်ပြန် တောင်းဆို လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)