ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကျောက်ဆည်ရှိ နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာနတို့အား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ကျောက်ဆည်ရှိ နည်းပညာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာနတို့အား ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၁၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ၈-၅-၂၀၂၄ ရက်နေ့က နည်းပညာတက္ကသိုလ် (ကျောက်ဆည်) သို့ရောက်ရှိပြီး နျူကလီးယားအင်ဂျင်နီယာဌာနရှိ လက်တွေ့ခန်းများတွင် ကျောင်းသားများ သုတေသန ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံရာ ဒုတိယဝန်ကြီးက ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Moscow Engineering Physics Institute အပါအဝင် MoU ရေးထိုးထား သည့် မိတ်ဖက်တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ နိုင်ငံတကာ နည်းပညာပြိုင်ပွဲများတွင် ကျောင်းသားများ ယှဉ်ပြိုင်မှုများကို အားပေးမြှင့်တင်ရန် တိုက်တွန်းမှာကြားပြီး တင်ပြမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားများကို သုတေသနထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးကာ အရည်အသွေးပြည့်မီစွာဖြင့် လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ဒေသလိုအပ်ချက်နှင့်အညီ သင်တန်းများကို အရည်အသွေးပြည့်မီစွာ ဖွင့်လှစ်ရန်၊ ပညာရည်ပြည့်ဝပြီး ကျင့်ဝတ်ကို လေးစားလိုက်နာသည့် လူငယ် ပညာရှင်များ ပေါ်ထွန်းလာရေး စနစ်တကျ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားကာ အင်ဂျင်နီယာဌာနများတွင် သုတေသနပရောဂျက်များ ဆောင်ရွက်နေသော ကျောင်းသားများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဇီဝနည်းပညာသုတေသန ဦးစီးဌာနသို့ရောက်ရှိပြီး တာဝန်ရှိသူများအား သုတေသနရလဒ်များကို MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်ရေး ဆက်စပ်ဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျေးလက်နေပြည်သူများကို ဇီဝ နည်းပညာအသိပညာပေးမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်ချက်တင်ပြ မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဆေးပညာဆိုင်ရာ ဇီဝနည်းပညာဌာနရှိ ဆေးပညာဆိုင်ရာ ဓာတ်ခွဲခန်းကို Biosafety Level 2 (BSL-2) အထိ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆေးဖက်ဝင်အပင်များမှ ဆေးအဆီထုတ်ယူနေမှု၊ Mycology Lab နှင့် Environmental Lab တို့မှ Waste Water Treatment နှင့်ပတ်သက်၍ ချည်ဆိုးဆေး အရောင်လျှော့ချခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်သက်ရောက်မှု လျော့နည်းစေရေးဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)