စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာ တပ်မတော်သားကောင်းပီသအောင် နေထိုင်ကျင့်ကြံဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာ တပ်မတော်သားကောင်းပီသအောင် နေထိုင်ကျင့်ကြံဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှာကြား





နေပြည်တော်၊ မေ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့က တပ်မတော်နည်းပညာ တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများအား တပ်မတော်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်း သဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီး များ၊ သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက်ကြသည်။


တပ်မတော်သားပီသအောင် နေထိုင်ကျင့်ကြံဆောင်ရွက်ရမည်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်နည်းပညာတက္ကသိုလ်အနေဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သည့် အင်ဂျင်နီယာအရာရှိများကို မွေးထုတ်ပေးနေ သည့် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း၊ အင်ဂျင်နီယာပညာရပ်များကိုအပြင် စစ်အခြေခံ ပညာရပ်များကိုလည်းသင်ကြားပေးလျက်ရှိကြောင်း၊ တပ်မတော်သားများ အားလုံးအနေ ဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရသည့် တပ်ဖွဲ့အမျိုးအစားအလိုက် ကွဲပြားခြားနားမှုရှိ သော်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို မိမိတို့ကို ပေးအပ်ထား သည့် တာဝန်များအလိုက်ထမ်းဆောင်နေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦး ဖြစ်လာသည့်အခါတွင် တပ်မတော်သားပီသအောင် နေထိုင်ကျင့်ကြံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တပ်မတော်သည် စည်ကမ်းနှင့်အညီဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ထုတ်ပြန်ထားသည့်အမိန့်များ၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ထမ်းဆောင် ကြခြင်းဖြစ်ကြောင်း၊ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအလိုက် တာဝန်ထမ်းဆောင်မှုများ ဆောင်ရွက်ရာတွင် ကွဲပြားခြားနားမှုမရှိဘဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်မှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာ တပ်မတော်သားကောင်းပီသအောင် နေထိုင်ကျင့်ကြံဆောင်ရွက်သွားရန်လိုကြောင်း။


အင်ဂျင်နီယာပညာရှင်ကောင်းတစ်ယောက်သာမက တပ်မတော်သားကောင်း တစ်ယောက်ဖြစ်လာစေရေး စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ရမည်

အင်ဂျင်နီယာကောင်းတစ်ယောက်သည် အင်ဂျင်နီယာပညာဒဿန (Engineering Philosophy)ရှိရန်လိုပြီး Engineering Philosophy သည် အင်ဂျင်နီယာနည်းပညာဖြင့် သော်လည်းကောင်း၊ အင်ဂျင်နီယာများမှသော်လည်းကောင်း လူ့အဖွဲ့အစည်းတစ်ရပ် အတွက် ၎င်းတို့၏ပညာရပ်များကို မည်ကဲ့သို့အကျိုးရှိရှိအသုံးပြုရမည်ဟူသည့် စည်းမျဉ်း ကို ရည်မှန်း၍ ရေးဆွဲသတ်မှတ်ထားသည့် အယူအဆတစ်ရပ်ပင်ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် မိမိဆောင်ရွက်ရမည့်လုပ်ငန်းများကို အင်ဂျင်နီယာရှုထောင့်မှ မည်ကဲ့သို့ ကောင်းမွန်အောင်ဆောင်ရွက်မည်ကို စဉ်းစားတွေးခေါ်ဆောင်ရွက်ရန်လိုပြီး Engineering Philosophy ရှိရန်အတွက် ပညာရပ်နှင့် သက်ဆိုင်သည်များကို အမြဲ မပြတ်လေ့လာရန် လိုကြောင်း၊ အင်ဂျင်နီယာပညာရပ်တွင် ပညာရပ်မျိုးစုံရှိသော်လည်း အခြေခံအားဖြင့် တူညီမှုများရှိကြောင်း၊ နည်းပညာနှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေသူ တစ်ဦးအနေ ဖြင့် အခြေခံမှစ၍ ဘာသာရပ်များအလိုက် ကျွမ်းကျင်တတ်မြောက်နေရန်လိုကြောင်း၊ တပ်မတော်မှဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သင်တန်းကျောင်းများ၊ တက္ကသိုလ်များ အားလုံးတွင် နည်းပြနှင့် သင်တန်းသားအချိုးကို တွက်ချက်၍ သင်ကြား ပေးလျက်ရှိပြီး တပ်မတော်နည်းပညာတက္ကသိုလ်တွင်လည်း အဓိကကျသည့် ဘာသာရပ်များကို ထိထိ ရောက်ရောက်သင်ကြားနိုင်ရန်အတွက် နည်းပြနှင့် သင်တန်းသားအချိုးကို စနစ်တကျ ခွဲဝေပေးထားပြီးဖြစ်သဖြင့် ထူးချွန်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် အသုံးဝင်သည့် အရာရှိ ကောင်းများဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန်လိုကြောင်း။

သင်တန်းသားများအနေဖြင့် ထူးချွန်ထက်မြတ်သည့် သင်တန်းဆင်းအရာရှိများဖြစ် လာစေရေး သင်တန်းတက်ရောက်စဉ်ကာလပတ်လုံး စဉ်ဆက်မပြတ်သည့် ကြိုးစားအား ထုတ်မှုရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ အလားတူ အခြေခံလေ့ကျင့်ရေးများ ဆောင်ရွက်ရာ တွင် လေ့ကျင့်သားပြည့်ဝရန်အတွက် စနစ်တကျလေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သားကောင်းတစ်ယောက်ဖြစ်လာစေရေးအတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းရန်၊ ကျန်းမာကြံ့ခိုင်မှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ “ချွေးထွက်များမှ သွေးထွက်နည်းမည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ တစ်ဦးချင်းနေ့စဉ်လုပ်ဆောင်နေရသည့် တာဝန်များကို မှန်မှန်ကန်ကန်လုပ်ဆောင် လိုက်နာ၍ လေ့ကျင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထွေထွေဗဟုသုတများ ပြည့်စုံစေရေးအတွက်လည်း စာအုပ်စာပေများကို အမြဲဖတ်ရှု လေ့လာနေရန်လိုကြောင်း။


အခြေခံအလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်လို

သင်တန်းသားများအနေဖြင့် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါ ရှိဘဲ တပ်မတော်အတွင်းသို့ မိမိသို့သဘောဆန္ဒအလျောက် ဝင်ရောက်လာကြသူများ ဖြစ်သည်နှင့်အညီ မိမိကိုယ်ကိုအားကိုးသည့်စိတ်ဖြင့် နေထိုင်ကျင့်ကြံဆောင်ရွက်ကြရန် လို ကြောင်း၊ မိမိကိုယ်ကို ရပ်တည်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားဘဝတွင် စတင်ခဲ့သည့် အခြေခံစိတ်ဓာတ်သည် အရေးကြီးကြောင်း၊ အရာရှိ ကောင်းများဖြစ်လာစေရေးအတွက် မိမိကိုယ်ကို ယုံကြည်အားကိုးသည့်စိတ်ဓာတ်၊ ကိုယ့် အားကိုယ်ကိုးပြီး အောင်မြင်သည့်ဘဝကို ပိုင်ဆိုင်လိုသည့် စိတ်ဓာတ်များရှိရမည်ဖြစ် ကြောင်း၊ ယင်းအခြေခံစိတ်ဓာတ်များကို ယခုသင်တန်းသားဗိုလ်လောင်းဘဝကတည်းက မွေးမြူသွားရန်လိုကြောင်း၊ သင်တန်းကာလ ၆ နှစ်တာကာလအတွင်း အင်ဂျင်နီယာ ပညာရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာပညာရပ်များကို သင်ယူရသည်ဖြစ်သကဲ့သို့ စည်းကမ်း စနစ်တကျဖြင့် နေထိုင်တတ်သည့်၊ ကိုယ်အားကိုယ်ကိုးတတ်သည့်၊ အဖွဲ့အစည်းနှင့် စည်းလုံးညီညွတ်စွာဆောင်ရွက်တတ်သည့် အခြေခံအလေ့အကျင့်ကောင်းများကိုလည်း ဆက်လက်ထိန်းသိမ်းမွေးမြူသွားရန်လိုကြောင်း၊ လေ့လာမှုနှင့် ပတ်သက်၍ စာပေပညာ ရပ်များသင်ယူခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြင်ပဗဟုသုတအသိပညာများကို မြှင့်တင်နိုင်သည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုနေရန်လိုကြောင်း၊

စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာမည်ဖြစ်ကြောင်း၊ ထိုသို့ အသိပညာ ဗဟုသုတများကြွယ်ဝလာခြင်းဖြင့် ဘဝအတွက်များစွာ အကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ ဖတ်ရှုသိရှိထားသည့် အသိပညာဗဟုသုတများကို လူအများသိရှိစေရေးအတွက် ပြန်လည်ဟောပြောပေးခြင်း၊ ဆွေးနွေးပေးခြင်းများဆောင် ရွက်မှသာလျှင် ပညာပြန့်ပွားမှုအကျိုးကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာစကားပုံတွင် “ရေအသက် တစ်မနက်၊ ထမင်းအသက်ခုနှစ်ရက်” ဟူ၍ရှိကြောင်း၊ အလားတူ စာပေ အသိပညာမရှိပါက တစ်သက်လုံးအခက်အခဲအကြပ်အတည်းများနှင့် ကြုံတွေ့ရနိုင် ကြောင်း၊ ထို့ကြောင့် “ပညာအသက်သည် ဘဝတစ်သက်” ဖြစ်ကြောင်း၊ သင်တန်းသား များ၊ နည်းပြများအနေဖြင့်လည်း မိမိတို့ဘဝတိုးတက်ရေးအတွက် များစွာ အထောက် အကူဖြစ်စေနိုင်သည့် စာပေဖတ်မှတ်လေ့လာခြင်း အလေ့အကျင့်ကို စဉ်ဆက်မပြတ် ကျင့်ကြံသွားရန် အလေးထား မှာကြားလိုကြောင်း။


သင်ယူခဲ့ရသည့်ပညာရပ်များကိုအသုံးချ၍ လက်တွေ့နယ်ပယ်တွင် ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်သည့် အရာရှိကောင်းများဖြစ်လာစေရေး

နည်းပြများနှင့်ပတ်သက်၍ မိမိတို့ဖြန့်ဝေသင်ကြားပေးရမည့် ပညာရပ်များအား သင်တန်းသားများမှ အမှန်တကယ်တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးရန်လို ကြောင်း၊ မိမိတို့ သင်ကြားခဲ့ရသည့် စာပေအသိပညာဗဟုသုတများကို သင်ကြားပေးရ မည်ဖြစ်သကဲ့သို့ တွေ့ကြုံဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများကိုလည်း မျှဝေပေး ရန်လိုကြောင်း၊ စာပေပညာနှင့်အတွေ့အကြုံမှရသည့် ပညာရပ်များကို ပေါင်းစပ်သင်ကြား ပေးမည်ဆိုပါက မိမိသင်ကြားမွေးထုတ်ပေးလိုက်သည့် သင်တန်းသားများသည် ပိုမို ထူး ချွန်လာမည်ဖြစ်ကြောင်း၊ နည်းပြများအနေဖြင့်သင်ကြားမှုများဆောင်ရွက်ရာတွင် စာအုပ် အတိုင်းသင်ကြားပေးသည်ထက် သင်တန်းသားများကို အမှန်တကယ် တက်စေ၊ သိစေ ချင်သည့် စေတနာဖြင့် သင်ကြားပေးမည်ဆိုပါက မိမိတို့သင်ကြားပေးလိုက်သည့် သင် တန်းသားများအနေဖြင့် ပိုမိုတတ်ကျွမ်းလာမည်ဖြစ်ပြီး ဘဝတစ်လျှောက်လုံး အမှတ်ရနေ မည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း မိမိတို့ထက်အတွေ့အကြုံရှိသည့် နည်းပြများ၊ စီနီယာများ၏ သွန်သင်ဆုံးမမှုများကို စိတ်ပါဝင်စားစွာဖြင့် နာယူ၍ လိုက်ပါ ဆောင်ရွက်မည်ဆိုပါက ဘဝတိုးတက်မှုအတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့် ဆရာ၊ ဆရာမများ၏ သင်ကြားပေးမှုများကို စနစ်တကျဖြင့် သင်ယူ ကြရန်လိုပြီး လေ့ကျင့်ရေးပိုင်းတွင်လည်း  စစ်စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မိမိတာဝန်ကျသည့်တပ်ရင်း၊ တပ်ဖွဲ့များ အလိုက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်စွာဖြင့် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် သင်တန်းသားများ၏ စိတ်ဓာတ်များကောင်းမွန်စေရေး နည်းပြများအနေဖြင့် လေ့ကျင့် သား ပြည့်ဝအောင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဘာသာရပ် များကို စနစ်တကျသင်ကြားလေ့ကျင့် ပေးလိုက်မှသာလျင် လက်တွေ့နယ်ပယ်၌ ကောင်း မွန်စွာ အသုံးချနိုင်မည်ဖြစ်ပြီး ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြတ် သန်းနိုင်သည့် အရာရှိကောင်းများဖြစ်လာမည်ဖြစ်ကြောင်း။


ခေါင်းဆောင်မှု

တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့် နာခံ တတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုတွင် တစ်ဦးနှင့်တစ်ဦးတူညီမှုမရှိဘဲ ခေါင်း ဆောင်မှု ကောင်းမွန်ရန်အတွက် မိမိကိုယ်တိုင်လေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းကာလအတွင်း လေ့ကျင့်ဆောင်ရွက်သွားမည်ဆိုပါက စစ်ဘက်ခေါင်းဆောင် ကောင်းများဖြစ်လာမည်ဖြစ်ကြောင်း၊ အင်ဂျင်နီယာပညာရှင်ကောင်းများဖြစ်ရန် အတွက် လည်း သက်ဆိုင်ရာပညာရပ်များအလိုက် စနစ်တကျလေ့ကျင့်ဆောင်ရွက်သွားရန်လို ကြောင်း၊ ထို့ကြောင့် မိမိတို့ကိုယ်ကို စနစ်တကျလေ့ကျင့်ဆောင်ရွက်သွားရန်နှင့် နည်းပြ နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း သင်တန်းသားများကို စနစ်တကျ လေ့ကျင့်ဆောင် ရွက်ပေးသွားရန်လိုကြောင်း။

အရည်အချင်းပြည့်ဝသည့် တပ်မတော်အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ရန် အတွက် စတင်ရွေးချယ်စဉ်ကပင် သတ်မှတ်ချက်များနှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်တည်ဆောက်ရေး ၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်များစွာရှိနေသေးကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ တိုးတက်စေရေးအတွက် အမြဲကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ လုပ်သင့် လုပ်ထိုက်သည်များကို အမြဲမပြတ် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့လုပ်ရန်ရှိသည့် အလုပ်များကိုအောင်မြင်အောင် အမြဲမပြတ်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ရှိ မဟာရွှေမြင်တင်စေတီတော်ကြီးသို့သွားရောက် ဖူးမြော်ကြည်ညိုသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ဆီမီး များ ကပ်လှူပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ က လက်ခံရယူသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား လက် ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်မှာကြားပြီး စေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် လိုအပ်သည်များကို ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မြတ်စွာဘုရားရှင်၏ ပါဒခြေတော်ရာဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး ပါဒခြေတော်ရာအား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)