ရန်ကုန်တိုင်းဒေသကြီး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ကွန်ပျူတာပန်းချီနှင့် ပိုစတာပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ကွန်ပျူတာပန်းချီနှင့် ပိုစတာပြိုင်ပွဲများကျင်းပ





တာမွေ     ၊   မေ    ၁၉

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းကို ကျောင်းသား/သူ၊ လူငယ်လူရွယ်များအပါအဝင် ပြည်သူတစ်ရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်၊ လူ့အဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါးများ သုံးစွဲခြင်းနှင့် တရားမဝင် ရောင်းဝယ် ဖောက်ကားမှုများ ကင်းစင်ပပျောက်စေရန်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများကို ၂၀၂၄-ခုနှစ် မေလ(၁၇)ရက်နေ့နှင့်(၁၈)ရက်နေ့များ၌ သတ်မှတ်နေရာအသီးသီးတို့တွင် ကျင်းပပြုလုပ် လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင်လည်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၇)ကြိမ်မြောက် ကွန်ပျူတာပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ရန်ကုန်မြို့ တက္ကသိုလ်များ လှိုင်နယ်မြေရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် လသာမြို့နယ်ရှိ အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်မြို့ တက္ကသိုလ်များ လှိုင် နယ်မြေရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် အလယ်တန်းအဆင့် ၊အထက်တန်းအဆင့် စသည်ဖြင့် အဆင့်များ သတ်မှတ်၍ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် ( ၁၂ )ဦး အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မွန်းလွဲ(၁)နာရီ အချိန်တွင် လသာမြို့နယ်ရှိ အမှတ်( ၂ )အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမ၌ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စသည်ဖြင့် အဆင့်သုံးဆင့် သတ်မှတ်၍ ပိုစတာပြိုင်ပွဲကို ဆက်လက် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ( ၁၄၄ )  ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲများကျင်းပနေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/ မြိုနယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။


၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ၂၀၂၄-ခုနှစ် မေလ(၁၇)ရက်နှင့်မေလ(၁၈)ရက်နေ့များတွင်  သတ်မှတ်နေရာအသီးသီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူ များအား   ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ထိုက်တန်စွာ ထူချွန် ဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။




နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)