ပဲခူးမြို့ လူငယ်ကင်းထောက်သင်တန်း ကျောင်းသား / ကျောင်းသူများ ရွှေတောင်မြို့နယ်စက်စက်ယိုဘုရား လေ့လာရေး ခရီးစဉ် ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ လူငယ်ကင်းထောက်သင်တန်း ကျောင်းသား / ကျောင်းသူများ ရွှေတောင်မြို့နယ်စက်စက်ယိုဘုရား လေ့လာရေး ခရီးစဉ် ရောက်ရှိ

  




ရွှေတောင် ၊  မေ  ၂၇

      ပဲခူးမြို့၊ နွေရာသီ လူငယ်ကင်း‌ထောက်သင်တန်းမှကျောင်းသား / ကျောင်းသူများနှင့် ကြီးကြပ်သူ (၇၀)ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းက  ရွှေတောင်မြို့နယ် ၊ ဝါးတောကျေးရွာအုပ်စု၊ စက်စက်ယိုဘုရားသို့  စခန်းချလေ့လာရေး ခရီးစဉ် ရောက်ရှိခဲ့သည်။ 

   ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှု   ဖြင့် ( ၂၀၂၄ - ၂၀၂၅) ပညာသင်နှစ် နွေရာသီ ကင်းထောက်သင်တန်း ပဲခူးမြို့၊လူငယ်ကင်း ထောက်သင်တန်းကျောင်းသား/ ကျောင်းသူများစခန်းချလေ့လာရေးခရီးစဥ်သို့  ပြည်ခရိုင် တိုင်း( ခွဲ) ပညာရေးမှူးနှင့်  အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဝါးတော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမှ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)