ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲ အခမ်းအနားကျင်းပ




ကန်ကြီးထောင့်  ၊   မေ  ၁၇


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က မိချောင်းတစ်ရာ ကျေးရွာအုပ်စု၊ ကညှင်ငူကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများမှ တက်ရောက်ကြကာ တာဝန်ရှိသူများက ပိုက်ဆံ‌လျော်(သစ်စိမ်းမြေဩဇာ) မျိုးစေ့များအားပေးအပ်ခဲ့ပြီး မိချောင်းတစ်ရာ ကျေးရွာအုပ်စု၊ ကညှင်ငူကျေးရွာရှိ ကွင်းအမှတ် ၁၇၆(က)၊ ဦးပိုင်အမှတ် ၁၂၅၊ တောင်သူ ဦးကြည်သန်း၏ လယ်ဧက(၃)ဧကတွင် ပိုက်ဆံ‌လျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များအား ကြဲပက်ခဲ့ကြသည်။


လယ်ယာမြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာ သုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွား စေနိုင်ကြောင်း၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်းမြေသြဇာ(၅)တန်မှ (၇)တန်အထိရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ(၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)