မိုးညို ၊ မေ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)သရဖူခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အခြေခံရှေးဦးသူနာပြုစုခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက ကျန်းမာရေးနှင့်ကိုက်ညီတဲ့နေထိုင်မှုပုံစံများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစံလင်းက ရှေးဦးသူနာပြုစုခြင်းသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းပို့ချပေးမည့်အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။ ထိုနောက် အ.ထ.က(မိုးညို)မှကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ရှေးဦးသူနာပြုစုခြင်းများကို သင်ကြားပို့ချပေးမှာဖြစ်သည့်အတွက် သေချာစွာလေ့လာမှတ်သားကြရန်မှာကြားပြီး တက်ရောက်လာသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး(Healthy Life Style)အကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အပူဒဏ်ကာကွယ်ခြင်းဆိုင်ရာများ၊ ဒဏ်ရာရခြင်းအမျိုးမျိုး၊ ဆို့နင်ခြင်း၊ နှလုံးအားကူနည်း၊ ပတ်တီးစည်းခြင်းအမျိုးမျိုးတို့အား မေလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment