ပေါင်မြို့နယ်၌နွေရာသီကျောင်းပိတ်ရက်ကာလ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များအရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးသင်တန်းဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌နွေရာသီကျောင်းပိတ်ရက်ကာလ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များအရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးသင်တန်းဖွင့်ပွဲပြုလုပ်




ပေါင်        ၊  မေ     ၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌နွေရာသီကျောင်းပိတ်ရက်ကာလ  လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များအရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ( ၁၀ ) နာရီက  (အထက) ပေါင်ရွှေရတုခန်းမ၌စတင်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးက နွေရာသီတွင်သင်တန်းတွေဖွင့်လှစ်သင်ကြားပေးသည့်အတွက်  ဝမ်းသာပါကြောင်း၊ယခုလိုသင်တန်းသည် လူငယ်တွေအတွက်အလွန်ပင်အကျိုးရှိလှပါကြောင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းညွန့်ဝင်းက  ကျန်းမာရေးဝန်ကြီးဌာနမှ နွေရာသီ ကျန်းမာရေးအသိပညာပေး  သင်တန်းတွေဖွင့်လှစ်ခြင်းဖြင့် သူငယ်ချင်းတွေအပြင် မိမိအိမ်မှာရှိသည့်မိသားစုဝင်များကို ကျန်းမာရေးအသိပညာတွေသိရှိအောင်ပြန်လည်မျှဝေပေးခြင်းအပြင် မိမိကျန်းမာရေးအတွက်မိမိကိုယ်တိုင်စီမံဆောင်ရွက်၍နီးစပ်ရာဆေးရုံ၊ဆေးခန်းများသို့အချိန်မီသွားရောက်၍ ကုသမှုခံယူနိုင်ပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် ‌မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေး က ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးရေးအကြောင်းကို သားတို့သမီးတို့ကိုအသိပညာရစေချင်လို့လာရောက်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ယခုသင်တန်းသည် ရက်တိုသင်တန်းဖြစ်သည့်အတွက် လူငယ်များ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချနိုင်၍

ရည်မှန်းချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း‌ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို  သင်တန်းဆရာ ( ၅ ) ဦးက သင်တန်းသား ( ၉၁ )ဦးကို  မေလ ( ၇ )ရက်နေ့မှ

 မေလ ( ၁၁ ) ရက်နေ့အထိ( ၅ ) ရက်ကြာ သင်ကြားပြသသွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)