ပုဇွန်တောင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုဇယားများ ပြည်သူများထံ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုဇယားများ ပြည်သူများထံ ပေးအပ်





ပုဇွန်တောင် ၊   မေ  ၇


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" " ပန်းခင်းစီမံချက်" အဆင့်-၃ ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများကို ပြည်သူများအတွက် ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီ ၂၀ အချိန်တွင် ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊  အောက်ပုဇွန်တောင်လမ်း၊ ပြည်တော်သစ်အိမ်ရာရှိ အမှတ်(၃/၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်၊ အတွင်းရေးမှူး ရဲမှူးမင်းဟန်နှင့် အဖွဲ့ဝင်(၃) မြို့နယ်ဦးစီးမှူး ဦးရဲအောင်တို့က အမှတ်(၃)ရပ်ကွက်ရှိ မီးရထားကျူးနေ ပြည်သူများနှင့် အမှတ်(၄)ရပ်ကွက်ရှိ ဆိပ်ကမ်းအာဏာပိုင် ကျူးနေပြည်သူများ၊ စုစုပေါင်းအိမ်ခြေ(၅၂)လုံး၊ အိမ်ထောင်စု(၅၂)စုတို့အား ပုံစံ ၆၆/ ၆ အိမ်ထောင်စု စာရင်း(၅၂)စောင်နှင့် ၎င်းအိမ်ထောင်စုများရှိ ကျား(၈၉)ဦး၊ မ(၈၅)ဦး၊ စုစုပေါင်း (၁၇၄)ဦးအနက်မှ နိုင်ငံသားစိစစ်‌ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသည့် ကျား(၁၈)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း (၃၂)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့သည် Biometric Data ကောက်ယူခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)