လပွတ္တာမြို့နယ်၌ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၈) ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လပွတ္တာမြို့နယ်၌ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၈) ဖွင့်ပွဲ အခမ်းအနားကျင်းပ





လပွတ္တာ  ၊   မေ  ၇

လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ၃ မိုင်မြို့ရှိ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း (လပွတ္တာ)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (လပွတ္တာ) ကျောင်းအုပ် ဒေါ်သူဇာနွယ်မှ သင်တန်းနှင့် ပတ်သက်၍ စီစဥ်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး ခင်းကျင်းပြသထားသည့် ယခင်သင်တန်းသူများ၏ ခေတ်မီဒီဇိုင်းလက်ရာ များနှင့် Handmade ပစ္စည်းများ၊ သင်တန်းတွင် အသုံးပြုမည့် အထောက်အကူပစ္စည်းများ၊ ခြေနင်းအပ်ချုပ်စက်၊  လျှပ်စစ်မော်တာအပ်ချုပ်စက်များကို လှည့်လည်ကြည့်ရှုခဲ့ကြ သည်။ အဆိုပါ သင်တန်းသို့ သင်တန်းသူ (၃၀) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂၂)ပတ်ဖြစ်ကြောင်း သိရသည်။


မူမူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)