ကံမမြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့၌ မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲတော်ကျင်းပ


ကံမ  ၊  မေ  ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) မေ ၂၂ ရက်နေ့ ညနေ ၄ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆွမ်းဆန်တော်လောင်းလှူရာတွင် ဆရာတော် သံဃာတော်(၁၀၅)ပါးတို့သည် အမှတ်(၄) ရပ်ကွက်၊ အောင်သိဒ္ဓိကန်လည်ဘုရားမှစတင်၍ မြို့ပေါ်ရပ်ကွက်များသို့ အလှူခံကြွချီတော်မူကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများက ဆွမ်းဆန်တော်များကို လောင်းလှူခဲ့ကြသည်။ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများ၌လည်း ညောင်ရေသွန်းပွဲများကို ကျင်းပရာ စတုဒီသာမုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း  သိရသည်။


ကျော်ဇေယျဝင်း(ကံမ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)