ဘုတ်ပြင်းမြို့နယ်၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပ






ဘတ်ပြင်း ၊ မေ ၂၅


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်သစ်တော်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က-ဘုတ်ပြင်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးမှူး ဦးဇောင်သင်းက အသိပညာပေးဟောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်သည်များ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သစ်တောနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ၊ သစ်တောနှင့်ရေဝေရေလဲဒေသအခြေအနေများ၊ သစ်တော၏ အကျိုးကျေးဇူးစသည်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဘုတ်ပြင်းမြို့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပလတ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစံမွှေးက ငါးသယံဇာတထိန်းသိမ်းရေးနှင့်ပတ်သက်သည်များကို အသီးသီးဟောပြောခဲ့ကြသည်။


ဟောပြောပွဲသို့တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကျောင်းသူများအား အဆိုပါကျောင်းအနီးရှိ သစ်တောပျိုးဥယျာဉ်၌  သစ်ပင်ပျိုးပင်များကို ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)