ဟင်္သာတ ၊ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာ ရှိစက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ ဧက(၁၀၀)ရှိ တောင်သူဦးဆန်းလွင် ပိုင်ဆိုင်သော လယ်မြေ(၁.၅)ဧကနှင့် တောင်သူ ဦးစိုးသိန်း၏ လယ်မြေ(၁)ဧကတို့တွင် ကောက်စိုက်စက်ဖြင့် မိုးကြိုစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို မေလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့သည်။
လက်တွေ့သရုပ်ပြ စိုက်ပျိုးပွဲတွင် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၅) စက်မှုလယ်ယာစခန်း ဟင်္သာတမြို့ရုံးမှ KUBOTA ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် မိုးကြိုစပါးစိုက်ခင်းအား လက်တွေ့သရုပ်ပြစိုက်ပျိုးပြသခဲ့သည်။
အဆိုပါ စိုက်ပျိုးပွဲသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် တာဝန်ရှိသူများ၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုတင်နှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၅၀)ဦးတို့ တက်ရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)
https://t.me/MyanmarNationalPost
No comments:
Post a Comment