မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုပါ သတ်ဖြတ်ခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ



နေပြည်တော်၊ မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၅ ဦးကိုပါသတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လူမှုကွန်ရက်များတွင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။


ဖြစ်စဉ်အမှန်မှာ မြင်းခြံမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၁၄ ရက်နေ့တွင် ရွာရှည်ကျေးရွာအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများမှ လက်လုပ်လက်နက်ကြီး၊ လက်လုပ်လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထိရောက်သော တန်ပြန် တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများစွာဖြင့် ရွာရှည်ကျေးရွာအတွင်းသို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။


အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ လက်လုပ်လက်နက်ကြီး ၃ လက်နှင့် လက်နက်ငယ် ၂ လက်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားစဉ်တွင် ၎င်းတို့၏ လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာရှည်ကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။


ထိုသို့ တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်လုပ်ကြံရေးသားထားသည့် သတင်းအမှားများသာဖြစ်ကြောင်း သတင်းရရှိပါသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)