ရွှေတိဂုံစေတီတော် ရင်ပြင်တွင် သံဃာတော် (၅၅၅၅)ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပရန် စီစဉ်လျှက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတိဂုံစေတီတော် ရင်ပြင်တွင် သံဃာတော် (၅၅၅၅)ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပရန် စီစဉ်လျှက်ရှိ









ရန်ကုန်၊ မေ ၂၇

ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ဗီယက်နမ်နိုင်ငံရှိ အလှူရှင်များမှ ဦးဆောင်ကျင်းပမည့် သံဃာတော် (၅၅၅၅)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မေ (၂၅)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။ 

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက သံဃာတော်များနှင့် လိုက်ပါမည့်ကျောင်းသားများ စီမံထားရှိမှုကိုလည်းကောင်း၊ တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဦးက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဥက္ကဌ ဆရာတော်ကြီးနှင့် အထူးပင့်ဆောင်မည့် သံဃာတော်များအား လျှောက်ထားမည့် အစီအစဉ်ကိုလည်းကောင်း၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ အလှည့်ကျဂေါပကမှ ရွှေတိဂုံစေတီတော် ရင်ပြင်တွင် အခမ်းအနား ကျင်းပနိုင်ရေး နေရာစီစဉ်ဆောင်ရွက်ထားရှိမည့် အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က သံဃာတော်များအတွက် မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက် ထားရှိမှုအား လည်းကောင်း၊ အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး မင်းဇော်က ယာဉ်ရပ်နားမည့် နေရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရေး ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ ဗီယက်နမ်အလှူရှင်များအဖွဲ့ (ကိုယ်စား) ကိုယ်စားလှယ်တစ်ဦးက အလှူရှင်များ လောင်းလှူမည့်ပစ္စည်းများနှင့် အလှူရှင်များ၏ အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သံဃာတော်(၅၅၅၅)ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများက လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ မှာကြားသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)