ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်သူ ဝရမ်းပြေး မျိုးရန်နောင်သိန်း ၏ သမီး အမေရိကန်တွင် ဘွဲ့ယူသည့် ဓာတ်ပုံထွက်ပေါ်လာပြီး ဝေဖန်မှုများ မြင့်တက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်သူ ဝရမ်းပြေး မျိုးရန်နောင်သိန်း ၏ သမီး အမေရိကန်တွင် ဘွဲ့ယူသည့် ဓာတ်ပုံထွက်ပေါ်လာပြီး ဝေဖန်မှုများ မြင့်တက်


ရန်ကုန်၊ မေ ၂၁

အကြမ်းဖက်လှုံ့ဆော်မှုများ ပြုလုပ်ခြင်းကြောင့် ဝရမ်းထုတ်ခံရပြီး အမေရိကန်သို့ ထွက်ပြေးတိမ်းရှောင်သွားသူ အကြမ်းဖက်သမား မျိုးရန်နောင်သိန်း ၏ သမီး ဘွဲ့ယူသည့် ဓာတ်ပုံမှတ်တမ်းမှာ လူအများ ဝေဖန်ထောက်ပြစရာ ဖြစ်နေပြီး မျိုးရန်နောင်သိန်းသည် မြန်မာနိုင်ငံတွင် ကျောင်းများပြန်လည်ဖွင့်လှစ်စဉ်က သားသမီးများကို ကျောင်းထားကြမည့် မိဘများကို ခြိမ်းခြောက်ပြောဆိုမှုကြောင့် ပိုမိုထင်ရှားလာခဲ့သူ တစ်ဦးဖြစ်သည်။

မျိုးရန်နောင်သိန်းက "ကျောင်းတွေတက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ပြောချင်တာ ရှိတယ်။ တချို့မိဘတွေ စဉ်းစားကြလိမ့်မယ်။ ငါတို့ သားသမီးတွေ ကျောင်းမထားလို့ရှိရင် တစ်နှစ်တော့ အောက်မှာပဲ။ စဉ်းစားကြမှာတွေ ရှိတယ်။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကြီး နိုင်ငံလုံးဆိုင်ရာ ထိုးစစ်ကြီးက ဆင်တော့မှာ။ အဲဒီအခါမှာ ကျောင်းတွေ ပိတ်ရမှာပဲ။ ဘေးလွတ်ရာကို ပြောင်းကြရမှာပဲနော်။ ကျောင်းတွေ အကုန်ပိတ်ရမှာပဲ။ ဒီ ထိုးစစ် မစခင် နှစ်လ၊ သုံးလ၊ လေးငါးလ ဒီအတောအတွင်းမှာ ၂လ ၃လပဲ ရှိမှာပါ။ ကျွန်တော်တို့ ဒီတော်လှန်ရေးကြီးက နောက် လေးငါးခြောက်လဆိုပြီးပြီ။ အောင်ပွဲနဲ့အတူ ကျောင်းတွေ ဖွင့်မယ်။ ဒီတစ်လ ၂လ ခဏစောင့်လိုက်ကြ။ နှမို့ရှိရင် ကိုယ့်သားသမီးတွေ ခြေပြတ် လက်ပြတ် ဖြစ်သွားလို့ရှိရင် အကောင်းပြန်မရတော့ဘူး။ ဒီကြားထဲ သေသွားလို့ရှိရင် အသက်က ၂ခါ ပြန်မရဘူး။" ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မျိုးရန်နောင်သိန်း၊ သူ၏ ဇနီးနှင့်အတူ သမီးဖြစ်သူ ဘွဲ့ယူသည့် ဓာတ်ပုံမှတ်တမ်း ထွက်ပေါ်လာပြီးနောက် လေ့လာသူတစ်ဦးက "ကျွန်တော်တို့ ပြည်သူတွေကိုပဲ သနားမိတာပါ။ အထူးအားဖြင့် နီပိန်းတွေ၊ ပဒက်တွေ ခမျာမှာ သူတို့ ပြောသမျှ စုံမှိတ်ပြီး ယုံကြည်ကြတာ။ အဲဒီကောင် မျိုးရန်နောင်သိန်း က ခွေးထက် မိုက်တဲ့ကောင်၊ ဒီကောင် မုဒိန်းမှု ကျူးလွန်တာ NLD အစိုးရလက်ထက် ဝိုင်းပြီး ဖုံးဖိကာကွယ်ပေးလိုက်ကြလို့ အဲဒီကောင် လွတ်သွားတာ။ မီဒီယာတွေကအစ NLD က ကောင်တွေ ယုတ်မာတာဆိုရင် ဖုံးဖိထားတာ။ တခြားလူဆိုရင်တော့ သက်ငယ်မုဒိန်း သေဒဏ်ပေးတို့ ဘာတို့ အဲဒီကောင်တွေက အရင်ဦးအောင် အော်တာ။ NLD အစိုးရလက်ထက်မှာ ဖျာပုံက လွှတ်တော်အမတ်ရဲ့ အဖေ မရမ်းကုန်းမှာ ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်ထားတဲ့ အဖိုးကြီး အိမ်ဖော် ကလေးမလေးကို သက်ငယ်မုဒိန်း ကျူးလွန်းတယ်။ မရမ်းကုန်းရဲစခန်းက အမှုဖွင့်မပေးရဲဘူး။ မျိုးရန်နောင်သိန်း ကိစ္စလည်း အဲဒီလိုပဲ။ အခု ကြည့်လေဗျာ။ ဒီက လူငယ်တွေကိုကြတော့ ကျောင်းမတက်နဲ့ ကျောင်းထွက်တဲ့။ ခွေးမသားက သူပြောတဲ့စကားနဲ့အညီ သူကိုယ်တိုင် လုပ်သလား။ သူ့သမီး အခု ဘွဲ့ယူပြီဆိုတာ အမေရိကန်ကို စရောက်ပြီဆိုကတည်းက ကျောင်းတက်လို့ အခုရတာပေါ့။ ၃နှစ်လေဗျာ။ သူပြောတဲ့ နှစ်လ၊ သုံးလ၊ လေးငါးလ ဆိုတာ ဘယ်မှာလည်း။ ခွေးထက် မိုက်တဲ့ကောင်တွေ လှုံ့ဆော်တာကို နီပိန်းတွေ ပဒက်တွေ က ယုံစားတော့ အမှားကြီး မှားပြီပေါ့။" ဟု ပြောသည်။

မျိုးရန်နောင်သိန်းသည် အကြမ်းဖက်လှုံ့ဆော်မှုများကြောင့် ပထမဆုံး အမှုဖွင့်ခံရသူများစာရင်းတွင် ပါဝင်ပြီး ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကာ လူမှုကွန်ရက်မှ အကြမ်းဖက်လှုံ့ဆော်မှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့ပြီး အလှူငွေများရယူ၍ အလွဲသုံးစား လုပ်ခဲ့ခြင်းကြောင့် အကြမ်းဖက်လှုပ်ရှားမှုအတွက် အလှူငွေကောက်ခံသူများ၏ ဆဲဆိုခြင်း ခံနေရသူတစ်ဦး ဖြစ်သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)