တောင်ငူ ၊ မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဧပြီလ ၆ ရက်နေ့မှ စတင်၍ ရက်ပေါင်း ၄၀ အတွင်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် သင်ကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က အ.ထ.က (၄) ပင်လုံခန်းမ၌ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးယဥ်ဌေးက စာသင်ဝိုင်းများရှိ ကြီးကြပ်သူနှင့် နည်းပြများအား ဂုဏ်ပြုစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က စာသင်ဝိုင်းများဖြစ်မြောက်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်သူများအား ကျေးဇူးတင်ဂုဏ်ပြု စကားပြောကြားသည်။
တောင်ငူမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း (၅၃) ဝိုင်းတွင် အခြေခံပညာကျောင်းများမှ နည်းပြ (၅၃)ဦး၊ ကြီးကြပ်သူ(၇)ဦး၊ တက္ကသိုလ်များမှနည်းပြ (၅၂)ဦး၊ ကြီးကြပ်သူ (၁)ဦးဖြင့် စာသင်သူဦးရေ (၁၀၀၁)ဦးအား ဧပြီလ ၆ ရက်နေ့မှစတင်၍ ရက်ပေါင်း ၄၀ အတွင်း တစ်ရက်စာသင်ချိန် ၃ နာရီကြာ သင်ကြားပို့ချခြင်းဆောင်ရွက်ခဲ့ပြီး စာသင်သူတစ်ဦးလျှင် ဗလာစာအုပ် (၇)အုပ်၊ မြန်မာစာပုံနှိပ် (၁)အုပ်၊ သင်္ချာပုံနှိပ် (၁)အုပ်၊ ဘောပင်နှင့်ခဲတံထောက်ပံ့ပေးအပ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)
https://t.me/MyanmarNationalPost


No comments:
Post a Comment