ဂွမြို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ သိမ်ကုန်းစေတီတော်ဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ သိမ်ကုန်းစေတီတော်ဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 





ဂွ ၊ မေ  ၂၁


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ သိမ်ကုန်းစေတီတော်ဝန်းအတွင်း၌ ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရာတွင်ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ဘုရားအမှူးပြုသော သံဃာတော်(၅)ပါးတို့အား ပင့်ဖိတ်၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ပြီး ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ဆောင်ရွက်သွားနိုင်ရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြီးကြပ် ၍ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရှိုက်များလှည်းကျင်းခြင်း စသည့် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်းဖြင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရွှေရည်၀င်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)