ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဝါစိုက်တောင်သူများ လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝါစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေး ဝါစိုက်တောင်သူများ လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်


နေပြည်တော်၊ မေ ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ငွေလှမြိုင်ဝါစက်ရုံကို သွားရောက်လေ့လာကြည့်ရှု၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရမည်းသင်းဒေသအတွင်း ဝါအထွက်တိုးရေး ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်၍ ဝါကြိတ်ဝါဖိစက်များ ထပ်မံဖြည့်တင်း ဆောင်ရွက်ရေး၊ တောင်သူများထံမှ အဆင့်မီ ဝါဂွမ်းများရရှိရေးအတွက် ပညာပေးစည်းရုံးဆောင်ရွက်ရေး၊ နည်းပညာလိုအပ်ချက် များရှိပါက စက်မှုဝန်ကြီးဌာနနှင့်လည်းကောင်း၊ မိမိတို့သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်လည်းကောင်း ဆက်သွယ်ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။ အဆိုပါစက်ရုံသည် ဝါကြိတ်စက် ၁၂ လုံး၊ ဝါဖိ စက် သုံးလုံး၊ ဆီကြိတ်စက် သုံးလုံး၊ လုပ်သားအင်အား ၁၅ ဦးဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၂၅ နှစ်ခန့်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် အုန်းပင်ခြံကျေးရွာသို့ သွားရောက်၍ အသင်းသား တောင်သူ ၇၅ ဦး၏ မြေဧက ၁၀၀ တွင် ဝါစိုက်ပျိုးနေသည့် တိုးတက်ရေးလယ်ယာနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိုးကြိုဝါနှင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဝါစိုက်ပျိုးရေး သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်မည့်အစီအစဉ်များ၊ ကူညီပံ့ပိုးပေးမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး အသင်းသားတောင်သူများ၏ စိုက်ပျိုးရေရရှိရေး၊ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပေးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်က ထောက်ပံ့ပေးအပ်သည့် ပုလဲဓာတ်မြေဩဇာ အိတ် ၄၀ နှင့် စမ်းဝတီသဘာဝမြေဩဇာ အိတ် ၄၀ တို့ကို ဝါစိုက်အသင်းသားတောင်သူများထံ ပေးအပ်သည်။ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ ဝါစိုက်သမဝါယမအသင်းသားများအနေဖြင့် မိုးကြိုဝါ ဧက ၅၈၀ စိုက်ပျိုး လျက်ရှိပြီး မိုးဝါ ဧက ၅၀၀ နှင့် မိုးနှောင်းဝါ ၆၉၁၈ ဧက ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ရှော်တောကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံ ငွေဖြင့် ရေယား-ရှော်တောလမ်း ၁ မိုင် ၄ ဖာလုံအနက် ၄ ဖာလုံ မြေသားလမ်းချဲ့ခြင်းနှင့် ကျောက် ချောခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံကာ ဖွံ့ဖြိုးရေး လုပ်ငန်း တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ညောင်ရွှေမြို့နယ် သမဝါယမအသင်းစု၏ နွားမွေးမြူရေးခြံနှင့် ဗေဒါအခြေခံ သဘာဝမြေဩဇာထုတ်လုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန ပြည်နယ် ဦးစီးမှူး၊ ရှမ်းတောင်/အရှေ့သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဗေဒါ အခြေခံ သဘာဝမြေဩဇာများအား သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်ရန် မှာကြားပြီး မြို့နယ်သမဝါယမအသင်းစု၏ ဒေသနွားမွေးမြူရေး ခြံတွင် နွားမွေးမြူထားမှုကို လည်း ကောင်း၊ နွားစာအတွက် နေဗီယာ မြက်တစ်ဧက စိုက်ပျိုးထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသိန်းလွင်နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ကယားပြည်နယ်မှ တွဲဖက်ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ဆား ရိက္ခာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)