ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်



ပဲခူး   ၊  မေ  ၁


ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က “အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားများ၏ အခန်းကဏ္ဍ”အား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် အလုပ်သမားနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ကိုယ်စားပြု “အံ့ခြူးကဗျာယိမ်းအဖွဲ့”က အဆိုတော် ဒေါ်မာမာအေး၏ “မောင်အလုပ်သမား” တေးသီချင်းဖြင့်လည်းကောင်း၊ မြန်စတားအထည်ချုပ် စက်ရုံမှ သမီးပျိုလေးများက အဆိုတော် နီနီခင်ဇော်၏ “ထာဝရသစ္စာ” တေးသီချင်းဖြင့် လည်းကောင်း အသီးသီးက ပြဖျော်ဖြေတင်ဆက်ခဲ့ ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ကပြဖျော်ဖြေ တင်ဆက်ခဲ့သည့် အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျော်ဖြေရေးအဖွဲ့များ၊ MSMEs အေဂျင်စီအဖွဲ့၊ အလုပ်ရှင်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များနှင့် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသည့် စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ MSMEs လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)