ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီအစည်းအဝေးသို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီအစည်းအဝေးသို့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်

 


ဟားခါး  ၊  မေ  ၁


ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကနဦးလိုအပ်ချက်စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့်လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ကနဦးလိုအပ်ချက်စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ချင်းပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း ချင်းပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် မီးလောင်ခြင်း၊ ရေကြီးခြင်၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ မိုးကြိုးထိမှန်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်များ ဖြစ်နိုင်သမျှ ချက်ချင်းကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထိ ဆက်သွယ်ရေးကွန်ယက်စနစ်များ၊ မြေပြင်သတင်းရယူရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန်နှင့် ဘေးအန္တရာယ်ဖြစ်ပွားပြီး ပါကလည်း ကနဦးလိုအပ်ချက်များ၊ ရေရှည်အတွက် လိုအပ်ချက်များနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများအား အခြေအနေပေးပါက ကွင်းဆင်းကောက်ယူနိုင်ရေးအတွက် ပြုစုဖြန့်ဝေထားသည့် စာရင်းကောက်ပုံစံများကိုအသုံးပြုပြီး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် ကနဦးလိုအပ်ချက်စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ်တာဝန်ခံ ဒေါ်ချိုချိုဝင်းက လုပ်ငန်းဆောင်ရွက်ချက်များကို ကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များက ဆွေးနွေးတင်ပြ ကြပြီး ကနဦးလိုအပ်ချက်စစ်တမ်း ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်စီးပွားရေးရာဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


(မောင်တက်လမ်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)