စေတုတ္တရာမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စေတုတ္တရာမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

 




စေတုတ္တရာ ၊  မေ  ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်မှာစကားပြောကြား၍ မြို့နယ်အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်ရဲတပ်ဖွဲ့ရဲမှုးဝင်းကိုကို၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ထိုက်ထိုက်ဝေ၊ မြို့နယ်စာရင်းစစ်အရာရှိ ဦးကြိုင်သင်းတို့က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေးပြောကြားရာတွင် အဂတိလိုက်စားမှုဥပဒေကို ၁၉၄၈ တွင် ပြဌာန်းထားရှိပြီး၊ ၂၀၁၃တွင် ပြန်လည်ပြင်ဆင်ထားရှိကြောင်း ဥပဒေတွင် ပါရှိသည့်အကြောင်းအရာများ၊ ဘဏ္ဍာရေးဆိုင်ရာရငွေ၊ သုံးစွဲရာတွင် ဥပ‌ဒေ၊ထုတ်ပြန်ချက်အရ ဆောင်ရွက်ရန်အချက်များ အစရှိသည့်တို့ကို အသိပညာပေးဆွေးနွေးပြောကြားသည်။

အဆိုပါအဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့‌၊ စေတုတ္တရာမြို့နယ် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)