မော်လမြိုင်ကျွန်းမြို့နယ်၌ G.E.C ပညာရေးဝန်ဆောင်မှုသမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၌ G.E.C ပညာရေးဝန်ဆောင်မှုသမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပ



မော်လမြိုင်ကျွန်း ၊  မေ  ၁၈


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ G.E.C ပညာရေးဝန်ဆောင်မှုသမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ငုဝါဆောင်ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းခိုင်မက G.E.C (ပညာရေး) ဝန်ဆောင်မှုသမဝါယမအသင်းသည် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ (၉/၉၂) သမဝါယမအသင်း၏ဥပဒေအရ ဖွဲ့စည်းထားကြောင်း၊ အသင်း၏လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာ၊  ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အစီအရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုအစီအရင်ခံစာများကို ပြောကြားခဲ့သည်။


ဆက်လက်၍ အမှုဆောင်အစားထိုးရွေးချယ်ပွဲကို မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီမှ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပခဲ့ရာ ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်ယဥ်နုက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အဖွဲ့အသစ်အား အဆိုပြု၊ ထောက်ခံစနစ်ဖြင့် ဒါရိုက်တာအဖွဲ့ (၁၁) ဦး ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။


ရဲကိုမောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)