ဂွ ၊ မေ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရာတွင်ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး စောနောင်၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် သန့်ရှင်းသာယာ လှပစေရန်ရည်ရွယ်၍ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရှိုက်များကို မော်တော်ယဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့် နေရာများသို့သွားရောက် စွန့်ပစ်ပေးခြင်းဖြင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment