ပေါင်မြို့နယ်၌၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးတောင်သူနည်းပညာပေး ဆွေးနွေးပွဲဆက်လက်ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးတောင်သူနည်းပညာပေး ဆွေးနွေးပွဲဆက်လက်ပြုလုပ်

 





ပေါင်      ၊   မေ   ၂၈


မွန်ပြည်နယ်၊ပေါင်မြို့နယ်၌၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးတောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျုံဟော်ကျေးရွာ၌ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲ၌ စိုက်ပျိုးရေးဦးစီးဌာန၊ပေါင်မြို့နယ်ဦးစီမှူးဦးကျော်စွာလှိုင် က အဖွင့်အမှာစကားပြောကြား၍ သက်ဆိုင်ရာနယ်မြေတာဝန်ခံ ဒုတိယဦးစီးမှူ ဒေါ်သန်းသန်းဌေး က စပါးတွင်ကျရောက်တတ်သောပိုးမွှားများအား ကြိုတင်ကာကွယ်နှိမ်နင်းရေးနည်းလမ်းများကိုလည်းကောင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးနည်းလမ်းများကိုလည်းကောင်း၊ ဓာတ်မြေဩဇာများအား စပါးပင်သက်တမ်းအလိုက် ထည့်သွင်းအသုံးပြုရေးနည်းလမ်းများကိုလည်းကောင်း၊ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးနိုင်ရေးနည်းလမ်းများကိုလည်းကောင်း၊ တောင်သူများနှင့်နှီးနှောဖလှယ်ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင်က လိုအပ်သည်များကိုဖြည့်စွက်ပြောကြားခဲ့သည်။ဆွေးနွေးပွဲကို  ကျုံဟော်ကျေးရွာ ရှိတောင်သူ (၃၀ )ဦးနှင့် စိုက်ပျိုးရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)