မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ


မြစ်ကြီးနား ၊  မေ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မြစ်ကြီးနားပညာရေးဒီဂရီ ကောလိပ်ရှိ အစည်းဝေးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်က အဖွင့် အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို (ကသာ) က "အနာဂတ်အတွက် စာဖတ်ပါ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကာ အဆိုပါ ပညာရေးဒီဂရီကောလိပ်စာကြည့်တိုက်အတွက် သုတရသစာအုပ်စာစောင်များ လှူဒါန်းပေးအပ်ခဲ့သည်။

ဟောပြောပွဲသို့ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများ၏ ဆရာအတတ်ပညာ အရည်အသွေး မြင့် အထောက်အကူပြုဆွေးနွေးပွဲ (၃/၂၀၂၄) တက်ရောက်နေသည့် တိုင်းရင်းသားဘာသာ စာပေသင်ကြားရေး အထောက်အကူပြု Teaching Assistant (TA) နှင့် တိုင်းရင်းသား ဘာသာစာပေသင် Language Teacher (LT) ဆရာ၊ ဆရာမ (၉၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)